Part 7

193 28 4
                                    

စားသောက်ဖွယ်ရာအစုံအလင် ​ပြင်ဆင်ထားသည်မှာ
စားပွဲသေးသေးနှင့်မလိုက်ဖက်လှပေ၊
ရိုဇန် တစ်ယောက်တော့ လီဆာ့ရဲ့မေမေကိုကူညီကာ
ဟင်းပွဲတွေလက်မလည်အောင် သယ်ပေးနေရသည်။

'' မေမေ ၊ ရယ်ဟင်းတွေအများကြီးပဲ ၊ ဒါတွေ.ကုန်
အောင်ဘယ်လိုလုပ်စားမလည်း''

ထမင်းစားပွဲတွင်ထိုင်ရုံပဲထိုင်ကာ မေမေနှင့်ရိုဇန်
တို့ လုပ်သမျှကို လိုက်ကြည့်နေသောလီဆာထံမှ
စကားသံထွက်လာသည်။

''ေအာ်ငါ့သမီးရယ်ကုန်နိုင်လောက်အောင်ပဲစားပေါ့
သမီးလေးရိုဇန် ကြိုက်တယ်မဟုတ်လားလိုသေးလား''

''တော်တော်ကိုပြည့်စုံနေပါပြီအနိတီရယ်၊ သမီး
တော့ဒီညဗိုက်ပေါက်ထွက်တော့မယ်ထင်တယ်''

''ဟက်ဟက်''

မေမေနှင့်ရိုဇန်တို့ရယ်မောကာ စကားလက်ဆုံကျနေတုနိးလီဆာ့ရဲ့အတွေးထဲမှာဖြတ်ခနဲပေါ်လာသောပုံရိပ်လေးတစ်ခု၊ ဒါကြောင့်မလ်ု့ထိုင်ရာမှထလိုက်ကာ အိမ်ရှေ့သို့ထွက်ခဲ့သည်။ ဘောင်းဘီအိတ်ကပ်ထဲမှ
လက်ကိုင်ဖုန်းကိုထုတ်ယူလိုက်ပြီးမနေ့ကမှမှတ်ထားသည့်နံပါတ်အသစ်စက်စက်တစ်ခုကိုနှိက်လိုက်သည်။

''တီ. .''
''ဟဲလို''
တစ်ဖက်ကဟဲလိုဆိုသည့်တုန့်ပြန်သံတိုးတိုးကိုကြား
ရသည်။

''ဟဲလို ဂျန်းနီ နင်အိမ်ကိုကောင်းကောင်းပြန်ရောက်ရဲ့လား၊ ငါ. .''

''အီး ဟီး. .ဟီး. .''

''ဂျန်းနီ နင်ဘာဖြစ်တာလည်း ဘာဖြစ်လို့ငိုနေတာ
လည်း အဆင်ပြေရဲ့လား''

''ငါ ငါ အဆင်မပြေဘူးလီဆာ'''

''ဟမ် နင်အခုဘယ်မှာလည်း''

သူမရဲ့ ကြေ ကွဲဖွယ်ငိုကြွေးသံကိုကြားရတဲ့အခိုက်အတန့်.မှာလီဆာ့တစ်ကိုယ်လုံးဟာစိမ့်ခနဲ။ နားထင်သွေး
ကြောများလှုပ်ခါကာ နှလုံးခုန်သံဟာလည်းဒိန်း
ခနဲ ဒိန်းခနဲ။ ထိူ့ကြောင့် ကုတ်အကျီ ကို ယူကာ
ထပ်ဝတ်လိုက်ပြီးနောက် စကူတာသော့ကိုကောက်ဆွဲ
လိုက်သည်။ သူမနဲ့ပက်သက်လာလျှင် ကိုယ့်ရဲ့လှုပ်
ရှားမူတွေဟာ မြန်မြန်ဆန်ဆန်ပင်။ဒါကိုသူမ သိနိုင်ပါလေစ။

It's not what I meant to beWhere stories live. Discover now