Part 2

217 32 2
                                    

''လီ လီဆာ. .''

''နင် အဆင်ပြေရဲ့လားဂျန်းနီ''

'' ငါ့လက်ကိုလွှတ်စမ်း''

လက်ကောက်ဝတ်ကိုဖမ်းကိုင်ထား​​ခြင်းခံရသော ကျောင်းသူမှာ နာကျင်နေပုံရသည်၊ မျက်နှာမှာလည်းရူံ့မဲ့လို့.နေသည်။ လီဆာ ဟာစာတော်ရုံတင်မကပဲ
အားကစားတွင်လည်းထူးချွန်သည်၊ ဒါကြောင့်
သက်လုံအား အတော်လေးကောင်းသည်။ ဖမ်း
ဆုပ်ထားသောလက်တွင် အား ပါနေ၏။
ရုတ်တရက်ဇက်ခနဲ လွှတ်ပေးလိုက်တော့ ထို
ကျောင်းသူခဗျာ လက်ကောက်ဝတ်ကိုနောက်လက်
တစ်ဖက်ဖြင့်ပွတ်နေရှာသည်။

'' ဒီအတန်းက အထက်တန်းဒုတိယနှစ်ပဲ နင်တိူ့လို
ဂျူနီယာတွေက ဘာလို့ရှိနေရတာလည်း''

တည်တည်တံ့တံ့ မျက်နှာထား၊ စူးရှခက်ထန်သော
အကြည့်တို့ဖြင့် ထိုလူမိုက်အလား ကျောင်းသူတစ်စု
ကိုလီဆာပြောလိုက်သည်။

'' ဘာလည်း နင်ကရော ဘာကောင်မလည်း''

ခပ်ဝ ဝနှင့် ခေါငိးဆောင်လို့ထင်ရတဲ့တစ်ယောက်က
လီ့ဆာအား မာမာထန်ထန်ဖြင့် ပြန်မေးနေသည်။

''ငါလား ငါ လာလီဆာ ပဲ''

''ဟင် လာ လာ လာ လီဆာ.  .''

တုန်တုန်ရီရီဖြင့် သူ့ဘေးကကျောင်းသူတစ်ယောက်က လီဆာ့ရဲ့နာမည်ကိုရေရွတ်နေသည်​။

''ဟဲ့လာလီဆာဆိုတာ ငါတို့ကျောင်းရဲ့လက်ရွေး
စင် အားကစားသမားလေ ဟာ ၊ တ်ိုက်ကွမ်ဒိုကစားတယ်၊ ''

''ဘာ''

တီးတိုး တီးတိုးဖြင့် သူတို့အချင်းချင်းပြောနေကြသည်။

''လာပါဟာ သွားရအောင်သူနဲ့ရန်ဖြစ်လို့ကောင်းတာ
မရှိဘူး''

လူမိုက်ကျောငိးသူသုံးယောက်ထွက်သွားမည်လုပ်
တော့.  .

''နေဦး. .''

''ရှင်''

'' ဒီမှာ အောက်ကျနေတဲ့ အမိူက်တွေကိုပြန်ရှင်း
သွားခဲ့. .''

''ဟုတ်ဟုတ်ကဲ့. .''

''နောက်တစ်ခါ မင်းတို့ကိုဒီအတန်းနားမှာ
တောင်မမြင်ချင်ဘူး. .''

ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲနေသည့် ဆန်းဒ်ဝှစ်နှင့်
ကော်ဖီရည်များအား ပြန်လည်ရှင်းလင်းပြီးနောက်
ထိုကျောင်းသူသူံးယောက်သည်သုတ်ချေတင်
​ပြေးလေပြီ။ဖြစ်စဥ်ကိုအစ အဆူံး ပါးစပ်အဟောင်း
သားဖြင့် ငေးနေသော ဂျန်းနီလည်းထိုမှ အသိစိတ်
ပြန်လည်လာသည်။

It's not what I meant to beWhere stories live. Discover now