Part - 2

486 59 1
                                    

" ငါအိမ်ပြန်လာပြီ "

ရေးလက်စဒိုင်ယာရီစာအုပ်လေးကို
စားပွဲအောက်အံဆွဲထဲ အမြန်ဖွက်ပြီး
ဧည့်ခန်းထဲထွက်လာခဲ့လိုက်တယ်

" ညစာပြင်ထားပြီးပြီလား ဟမ် "

ခေါင်းညိမ့်ပြရင်း ရေခဲသေတ္တာထဲက
ဟင်းတချို့ထုတ်ပေးပြီး ထမင်းစားပွဲဝိုင်းဘေးမှာ
ထိုင်စောင့်နေလိုက်တယ်

" ဒါပဲ ပြင်ထားတာလား တောက်!!!
ကင်မ်ထယ်ရယ် ဘာလဲ မင်းက အဖေကို
ဒီလောက်ပဲကျွေးမယ်ဆိုတဲ့သဘောလား ဟမ် "

မူးလာတိုင်း အဖေ့ဆီက ဆူခံပြောခံရတဲ့စကားတွေ
ထပ်ဖန်တလဲလဲဖြစ်နေတဲ့ အခြေအနေတွေ
ထယ်ရယ် နေသားကျနေတာ ဆယ်နှစ်ကျော်နေခဲ့ပါပြီ

" မင်းအဲ့လောက်အလုပ်လုပ်နေတာ ပိုက်ဆံမရှိဘူးလား
ဟေ့ကောင် ဒီ ကြက်ဥလိပ်နဲ့အသီးအရွက်ကြော်
ငါစားချင်တယ်များထင်နေလား "

ပြောလဲပြော ခေါင်းကိုလဲလှမ်းအရိုက်မှာ
မတတ်သာတော့ပဲ
တစ်ခုခုလုပ်ပေးဖို့ကြံရပြန်တော့တယ်

ဘောင်းဘီအိတ်ကပ်ထဲနှိုက်ကြည့်တော့
ဒီနေ့ အချိန်ပိုင်းအလုပ်က customerဆီကနေ
tipရလာတဲ့ ဝမ်တစ်သောင်းတန် နှစ်ရွက်...
အဖေ့အမေးကို ခေါင်းခါပြရင်း အပေါ်ထပ်အနွေးထည်
အပါးလေးဝတ်ကာ လမ်းထိပ်က စားသောက်ဆိုင်ကို
ထွက်လာခဲ့လိုက်တယ်

စိတ်ထဲမှာတော့ ဝမ်းနည်းနေခဲ့တာ
ဒီပိုက်ဆံတွေက tipရလာတာတွေကနေစုပြီး
သူလိုချင်တာလေးဝယ်ဖို့လေ
အဖေက ထယ်ရယ်ရဲ့အချိန်ပိုင်းအလုပ်ကရသမျှ
ပိုက်ဆံကို သိမ်းတဲ့အပြင် ဒီလိုမျိုး ခိုးခိုးစုထားရတဲ့
မုန့်ဖိုးတွေကိုလဲ အကြောင်းအမျိုးမျိုးပြပြီး
ဖြုန်းပစ်တတ်တယ်

စားသောက်ဆိုင်ရောက်တော့ ဆိုင်ရှင်အန်တီကြီးက
ထယ်ရယ့်ကိုမြင်တာနဲ့ ဆိုင်ထဲခေါ်ပြီး
နွေးနွေးထွေးထွေးဆက်ဆံပေးတယ်

" ထယ်ရယ် ဒီနေ့ထယ်ရယ်စားဖို့လား
အာဂျူးမား ဘာချပေးရမလဲ "

ဖုန်းထဲက note ရေးတဲ့ appလေးကနေ
ချရေးပြလိုက်တယ်

" အဖေ့ဖို့ အသားနဲ့စွပ်ပြုတ်ထမင်း ၁ပွဲပေးပါ "

The Sound Of Your HeartWhere stories live. Discover now