Part - 6

350 43 0
                                    

Comebackနေ့မလို့ promotionတွေ interviewတွေ
music broadcast scheduleတွေ တန်းစီရှိနေလို့
ရစ်ခီ အစောကြီးတည်းက ထနေရတယ်
ပင်ပန်းပေမဲ့လဲ သူကြိုးစားဖန်တီးထားတဲ့
အရာတစ်ခုမလို့ သူ့သွေးသားလိုပဲလေ

မနက်တည်းက အနုပညာအသိုင်းအဝိုင်းက
အသိမိတ်ဆွေတွေရဲ့ ဂုဏ်ပြုစကားတွေလက်ခံပြီး
အလုပ်ရှုပ်နေတော့တယ်

social mediaကြည့်ချိန်မရလို့ ဟန်ဘင်းဟျောင်းဆီက အခြေအနေတွေမေးရတယ်
Ricky ဆိုတဲ့အတိုင်း သူ့ရဲ့ theme သူ့ရဲ့vibeနဲ့
အမြဲတမ်းuniqueဖြစ်နေတဲ့သူမလို့
သူ့ရဲ့ဖန်တီးမှုတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်
failတယ်ဆိုတာ မရှိခဲ့ဖူးဘူး

တစ်နေကုန် scheduleဆက်တိုက်နဲ့အလုပ်ရှုပ်ပြီး
ညဘက် အိမ်ပြန်ရောက်တော့မှ အချိန်လေး
ကုပ်ဖဲ့ယူပြီး sns အပြေးကြည့်ရတယ်

အာရုံတွေများနေခဲ့ပေမဲ့ သူ့ရဲ့comebackနဲ့ရက်တူတဲ့
မွေးနေ့ရှင်ကိုတော့ သတိရလိုက်ပါသေးတယ်
သူများပုံတင်ထားမလားဆိုပြီး hashtagလေးကနေ
ဝင်ကြည့်ကြည့်လိုက်တယ်

"dotr" ဆိုတဲ့ accနဲ့ ရစ်ခီရိုက်ပေးခဲ့တဲ့selcaပုံလေး
ထိပ်ဆုံးမှာ view retweet အများဆုံးနဲ့
တန်းတွေ့လိုက်ရတယ်

ရစ်ခီနဲ့ရိုက်ထားတဲ့ပုံလေးရယ်
မွေးနေ့ကိတ်အပြာရောင်ပုံလေးရယ် နဲ့

" Ricky nimရဲ့ comebackရက်နဲ့ ရက်တူနေခဲ့တဲ့
ကျွန်တော့်ရဲ့ မွေးနေ့ရက်ပါ
မွေးနေ့မှာ ပျော်ရွှင်ခဲ့ရပါတယ်
super star Ricky nimနဲ့လဲတွေ့ခဲ့ရတယ်
ဖော်ရွေပြီး သဘောကောင်းတဲ့သူပါ
သူ့ရဲ့သီချင်းသစ်လဲ တကယ်နားထောင်လို့ကောင်းပြီး
နောက်လဲ ဆက်နားထောင်ဖြစ်တော့မယ်
Ricky nimလဲ ဒီထက်အောင်မြင်မှုတွေ အများကြီး
လက်ခံရရှိပါစေ "

accထဲ ဝင်ကြည့်တော့ အဲ့postတစ်ခုပဲရှိနေတာ
ကြည့်ရတာ snsလဲသိပ်မသုံးဘူးတူပါရဲ့
ဘာပဲဖြစ်ဖြစ် ရစ်ခီ့အတွက်လဲ
အမှတ်တရလှလှလေးတစ်ခုပါပဲ
ဘာရယ်တော့မဟုတ်ပေမဲ့ မနေ့ကတွေ့ခဲ့တဲ့
သူ့ရဲ့ပုံစံလေးကို ရစ်ခီခဏခဏတွေးနေမိတယ်
စကားမပြောပေမဲ့ ကြားတော့ကြားရတဲ့ပုံပါပဲ
သူတို့ပြောသမျှတွေကို စာလေးရိုက်ပြီးပြန်ဖြေပေးခဲ့တဲ့ အဲ့လူရဲ့ပုံစံက ရစ်ခီ့ကို ခဏခဏတွေးမိနေစေတယ်
အုံ့မှိုင်းမှိုင်းအရောင်ကိုဝတ်ထားပေမဲ့
နီးကပ်သွားတဲ့အချိန်ခဏလေးအတွင်းမှာ
ရစ်ခီမြင်လိုက်ရတဲ့ အဲ့လူရဲ့ မျက်ဝန်းတွေက
စကြဝဠာကြီးတစ်ခုလုံးရှိနေသလို...
တောက်ပပြီး ရွှန်းလဲ့နေတာပဲ
အဲ့မျက်ဝန်းတွေထဲမှာ အေးချမ်းမှုလေးတစ်ခု
ရှိနေသလိုမျိုး ရစ်ခီခံစားခဲ့လိုက်ရတယ်

The Sound Of Your HeartWhere stories live. Discover now