Part - 7

345 48 0
                                    

" ဟျောင်းရဲ့ video retweetတွေ 80k ကျော်နေပြီ "
ဆိုတဲ့ ဂွန်းဝုရဲ့ messageရောက်အလာမှာ
ထယ်ရယ်လဲ ကပျာကယာပဲ သွားကြည့်ရတော့တယ်
videoတင်လိုက်ပြီးရင် ဖုန်းတောင်သိပ်မကြည့်ဘဲ
သူလုပ်စရာရှိတာပဲလုပ်နေတဲ့သူမလို့
ဘယ်လိုဖြစ်နေလဲဆိုတာ ထယ်ရယ်မသိ

Retweetတွေလိုက်ဖတ်ကြည့်တော့
ထယ်ရယ်ဝမ်းနည်းလာပါလေရော

" ORi nimရဲ့ cover တွေကို မျှော်နေခဲ့တာ "

" ရစ်ခီလဲ ကြည့်နေမလားမသိဘူး "

" ရစ်ခီဖန်တီးထားတဲ့ သီချင်းလှလှလေးကို
အသံချိုချိုလေးနဲ့ဆိုပေးတာ ကျေးဇူးပါပဲ "

" ရစ်ခီဆိုတာလဲ နားထောင်ကောင်းတယ်
ORi nimရော ဆိုမလားဆိုပြီး စောင့်နေခဲ့တာပါ "

" ရစ်ခီလဲ နားထောင်ပြီး အားတင်းထားနော် "

ထယ်ရယ်လဲ ဝမ်းနည်းတာရော ပျော်တာရောနဲ့
ခံစားချက်တွေရောထွေးနေတော့တယ်
စာတွေလိုက်ဖတ်နေရင်းနဲ့ပဲ notiလေးတစ်ခုက
ထင်းခနဲတက်လာခဲ့တယ်

Shen Ricky quote tweet your tweet

" ဂိုမားဝေါရော ❤️ "

ဒါလေးပဲ... ကျေးဇူးပါတဲ့လေ
ထယ်ရယ်ရဲ့ မက်တောင်မမက်ခဲ့ဖူးတဲ့
fanboyဘဝရဲ့ အိပ်မက်လေး...
ရစ်ခီနဲ့တွေ့ပြီးတည်းက ရစ်ခီနဲ့ပတ်သတ်ပြီး
ကံတွေဆက်တိုက်ကောင်းလာခဲ့တာပဲ

ရစ်ခီလဲ သူဆိုတာလေးနားထောင်နေမှာပဲဆိုတဲ့
အတွေးနဲ့တင် ထယ်ရယ်ပျော်ရပါတယ်
ထယ်ရယ့်အသံလေး ရစ်ခီနားထောင်ပြီး
အားတင်းထားဖို့ထိတော့ မမျှော်လင့်ပေမဲ့
ဒီလောက်နဲ့တင် ပြည့်စုံနေပါပြီ

screenshotအမြန်ရိုက်ပြီး ဂွန်းဝုကိုလဲသွားကြွားရသေး

" ရစ်ခီ ငါ့ရဲ့ videoကို မြင်သွားပြီ ဂွန်းဝု "

" ဟျောင်းပျော်နေတာ ဒီကနေတောင်ခံစားမိတယ် "

" ငါ နောက်သီချင်းတွေဆိုဖို့ အားရှိသွားပြီ "

" နောက်နေ့ကျ ကျွန်တော် တောင်းဆိုချင်တာရှိတယ်
ဟျောင်း သီချင်းဆိုတာနဲ့ပတ်သတ်ပြီးတော့ပေါ့ "

" ရတာပေါ့ မင်းအတွက်ဆိုရင် ငါကအကုန်လုံး
လိုက်လျောပြီးသားပါပဲ "

The Sound Of Your HeartWhere stories live. Discover now