Part - 9

360 48 0
                                    

နေ့လည်စားချိန်ပြီး သိပ်မကြာခင်ပဲ ဂျာလေးက
လာခေါ်ခဲ့တယ် ထယ်ရယ်စိတ်တွေလှုပ်ရှားနေခဲ့တာတော့
အမှန်ပါ fanဖြစ်နေတာကြောင့်ရော
အိပ်မက်ဆန်နေတဲ့အဖြစ်အပျက်တွေကြောင့်ရောပေါ့

" ရစ်ခီက ခု studioမှာရှိနေတယ်
သူအလုပ်လုပ်တဲ့နေရာလေ အိမ်နားက ကွန်ဒိုတစ်ခုမှာပါပဲ
အဲ့မှာပဲသီချင်းရေးတယ် produceလုပ်တယ်ပေါ့
ထယ်ရယ်က fanဆိုတော့ သိလောက်မှာပါ
ရစ်ခီ့album coverက sketchတွေ artworkတွေအကုန်လုံး
အဲ့studioထဲမှာပဲနေရင်း ဖန်တီးထားတာ
အဲ့ကို ရစ်ခီရယ် ဟျောင်းရယ်
Producer တစ်ယောက်ရယ်ပဲ ရောက်ဖူးတာ
ခုတော့ ထယ်ရယ်ပါ ရောက်ဖူးပြီပေါ့ "

📝 " စိတ်လှုပ်ရှားနေလို့
သေချာတောင်မထိုင်နိုင်တော့ဘူး "

" စိတ်မလှုပ်ရှားပါနဲ့ ရစ်ခီကလဲ
ထယ်ရယ်က သူ့fanဆိုတာ သိထားတယ်လေ
ထယ်ရယ့်ကိုခေါ်ဖို့ကလဲ ရစ်ခီပဲပူဆာခဲ့တာ
ပြောပြစရာတွေရှိပေမဲ့ နောက်မှပဲပေါ့လေ...
ကဲ ရောက်ပြီ "

သူ့studioက 5ထပ်မှာရှိတယ်တဲ့
နီးကပ်လာလေလေ ထယ်ရယ့်ရင်တွေခုန်လာလေပဲ
မွေးနေ့မတိုင်ခင်တစ်ရက်က
တွေ့ထားတုန်းကထက်တောင်
ရင်ခုန်နေတယ်လို့ဆိုရမယ်

ဂျာလေးက တံခါးဘဲလ်နှိပ်လိုက်တာနဲ့
ဘယ်ချိန်တည်းက စောင့်နေမှန်းမသိတဲ့ ရစ်ခီက
တန်းပြီးပဲတံခါးဖွင့်ပေးလာခဲ့တယ်

eventမှာတွေ့တုန်းကတော့ တခြားသူတွေရှိနေလို့
ဟန်ဆောင်ခဲ့ရတဲ့ ထယ်ရယ်
ဒီနေ့ကတော့ fanတစ်ယောက်အဖြစ်နဲ့ ထယ်ရယ်

အနက်ရောင်ခေါင်းစွပ်hoodieနဲ့
အနက်ရောင်ဂွမ်းဘောင်းဘီလေးထဲမှာ
ဖြူအုပြီးထင်းနေတဲ့ရစ်ခီ...
On screenမှာပဲမြင်ခဲ့ဖူးတဲ့ ရစ်ခီ့ရဲ့ soft sideလေး
ဒဏ်ရာရထားတဲ့ပခုံးဘက်လေးကတော့
မလှုပ်မယှက် တောင့်တောင့်လေးဖြစ်နေခဲ့တယ်
ထယ်ရယ့်ကိုမြင်တာနဲ့ တန်းပြုံးသွားတော့တယ်
Screenထဲကနေမြင်နေကျ
ရစ်ခီ့ရဲ့ gummy smileလေး...

" ဟျောင်း ... မျှော်နေတာ ... "

" ဟျောင်းရောက်လာတာ ကွက်တိပါပဲ ရစ်ခီရဲ့ "

" ကျွန်တော်က တွေ့ချင်စိတ်တွေ
လောနေတာနေမယ် ဟီး "

📝 " ထယ်ရယ်လို့ ခေါ်ပါတယ် ... "

The Sound Of Your HeartWhere stories live. Discover now