အဖေပြန်လာမအိပ်တဲ့ ညတွေမှာ
ထယ်ရယ်စိတ်အေးလက်အေးအိပ်ရတယ်ဆိုပေမဲ့
စိတ်ပူရတာတော့အမှန်
ဘယ်နေရာမှာဘယ်လိုပြဿနာရှာနေမှာလဲဆိုတာကို
ရင်တမမနဲ့အမြဲလန့်နေရတာပေါ့မွေးနေ့မနက်မှာ စိတ်အေးလက်အေးနိုးလာရပြီး
မနက်စာစား အလုပ်သွားဖို့ ပြင်ဆင်နေလိုက်တယ်
အလုပ်မသွားခင်မှာ ထယ်ရယ့်စုဘူးလေးထဲက
tipရတာတွေစုထားတဲ့ မုန့်ဖိုးတွေကိုပါ ယူလိုက်ပြီး
အပေါ်ထပ်အင်္ကျီ အိတ်ကပ်လေးထဲသေချာလေးသိမ်း
အိမ်အပြင်ထွက်လာခဲ့လိုက်တယ်
ဝမ်ငါးသောင်း ခြောက်သောင်းတော့ရှိလောက်မယ်
ဒီလောက်ဆို ရစ်ခီ့albumလဲဝယ်လို့ရမယ်
online streamingအတွက်လဲ
premium accountတွေ ဝယ်လို့ရမယ်
ညနေအလုပ်အပြန် ဂွန်းဝုနဲ့လျှောက်လည်
albumဝယ်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့တင်
ထယ်ရယ် ပျော်နေတော့တယ်" ဟေ့ကောင် ထယ်ရယ် ဒါဘယ်လဲ !! "
ထယ်ရယ့်အတွေးတွေကို စီးရိုက်လိုက်သူကတော့
ထယ်ရယ့်အဖေထယ်ရယ်ခေါင်းတွင်တွင်ခါပြီး
ထွက်လာခဲ့လိုက်ဖို့လုပ်ပေမဲ့
လူကောင်ထွားတဲ့ သူ့အဖေနဲ့ယှဉ်ရင်ကျ
ဘယ်လိုမှ ပြန်မလှန်နိုင်ထယ်ရယ့်ကို ပိုက်ဆံပေးဖို့တောင်းတော့
မသိချင်ယောင်ဆောင်ပြီးပြေးထွက်လာခဲ့ပေမဲ့
လမ်းအဆုံးမရောက်ခင်မှာပဲ မှီသွားပြီး
ထယ်ရယ်သိမ်းထားတဲ့ မုန့်ဖိုးတွေ အဖေ့ဆီမှာ
ထပ်အလုခံလိုက်ရတော့တယ်
အပိုဆုတစ်ခုကတော့ မပေးဘဲထွက်ပြေးလို့
အရိုက်ခံလိုက်ရပြီး နှုတ်ခမ်းပေါက်ပြီး
မျက်နှာအနည်းငယ် ရောင်သွားခဲ့တာပေါ့မွေးနေ့မှာမငိုဘူးလုပ်ထားပေမဲ့ တကယ်တမ်းတော့
ထယ်ရယ်ဝမ်းနည်းတယ် သူ့မွေးနေ့မှန်းလည်း
အဖေက သိမှာမဟုတ်ပါဘူး မသိရင်လဲနေပါစေ
ဂရုမစိုက်လဲနေပါစေ ထယ်ရယ့်မုန့်ဖိုးတွေကို
ထပ်လုမသွားဖို့ပဲ ထယ်ရယ်ဆုတောင်းနေမိတော့တယ်ထယ်ရယ်အလုပ်ကို ရောက်တော့
ဂွန်းဝုကအရင်ဆုံးလှမ်းလာကြိုတယ်
မျက်နှာလေးတန်းပြီး အမြင်မှာပဲ
စကြဝဠာမျက်ဝန်းလှလှလေးတွေမှာ
မျက်ရည်ဥလေးတွေ ဝေ့နေတာကို ဂွန်းဝုမြင်တော့
ဘာစကားမှမပြောနိုင်ခင် ဖက်ထားလိုက်တယ်
YOU ARE READING
The Sound Of Your Heart
Fanfictionနာမည်ကျော်တစ်ယောက်ကို သာမန်ကောင်လေးတစ်ယောက်က ချစ်တယ် အဲ့ဒီသာမန်ကောင်လေးကိုလဲ ကောင်လေးတစ်ယောက်က ချစ်နေတယ် နီးကပ်နေတဲ့ရင်ခုန်သံနဲ့ အဝေးတစ်နေရာက ရင်ခုန်သံ နာကျင်ခြင်းနဲ့ ပျော်ရွှင်ခြင်းနှစ်ခုစလုံးဟာ အဲ့ဒီ သာမန်ကောင်လေးပေါ်မှာပဲ မူတည်နေပါသတဲ့လေ Tae...