Part - 8

372 48 2
                                    

" Wakeone Ent. Ricky ရဲ့ management teamကပါ
ORi nimရဲ့ cover song videoတွေကိုတွေ့ပြီး
ဆက်သွယ်လိုက်တာပါ
ရစ်ခီရဲ့ လက်ရှိအခြေအနေတစ်ခုအတွက်
အလုပ်တစ်ခု ကမ်းလှမ်းချင်တာကြောင့်
ဆက်သွယ်လိုက်ရခြင်းဖြစ်ပါတယ်

DMကို ပြန်ဖြေကြားပေးဖို့ မျှော်လင့်ပါတယ် "

မနက်နိုးနိုးခြင်းမှာ ထယ်ရယ်ရဲ့မျက်လုံးအစုံကို
ပြူးကျယ်သွားစေတဲ့ messageတစ်ခု
ဘာ conversationမှရှိမနေတဲ့ ထယ်ရယ်ရဲ့ twitter
message boxမှာ တစ်ခုတည်းသောရောက်လာတဲ့
message...

မျက်နှာသစ် သွားတိုက်တောင်မလုပ်နိုင်သေးဘဲ
စာကိုဆီလျော်အောင်ဘယ်လိုပြန်ရမလဲဆိုတာကို
တွေးနေတာတင် 15မိနစ်လောက်က ကုန်သွားပြီ

ရစ်ခီနဲ့ တွေ့ဖူးတာတွေဘာညာကိုလဲ
ခေါက်ထားလိုက်ပြီး နောင်ခါလာနောင်ရှင်းပေါ့
အလုပ်သာအဆင်ပြေသွားရင် ဒီငရဲလိုအိမ်ကနေ
ထွက်လာလို့ရပြီဆိုတဲ့အတွေးပဲ
ထယ်ရယ့်မှာရှိတော့တယ်
နောက်ဆုံး မနည်းစဉ်းစားပြီးတော့မှ
ပြန်လိုက်တဲ့စာက

" ဟုတ်ကဲ့ ... "

ထယ်ရယ်မယုံသေးလို့ dmပို့လာတဲ့ accကို
ဝင်ကြည့်ပြန်တော့လဲ
Wakeone Ricky team အစစ်မှအစစ်

စိတ်ငြိမ်ငြိမ်ထားပြီး မျက်နှာသစ် သွားတိုက်
လုပ်စရာရှိတာလုပ်ပြီး အိမ်က ထွက်လာလိုက်တယ်
study cafeတစ်ခုမှာ ထိုင်နေလိုက်ပြီးတော့မှ
ရင်တုန်စွာနဲ့ ဖုန်းကို ထပ်ဖွင့်ကြည့်တော့တယ်

မျှော်လင့်ထားတဲ့အတိုင်းပဲ ပြန်စာရောက်လာပါရဲ့

" ပြန်လည်ဆက်သွယ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ကမ်းလှမ်းထားတဲ့ projectအတွက်ဆွေးနွေးနိုင်ဖို့
ဒီနေ့ နေ့လည် 1နာရီမှာ
Seoul, Y cafe ××-××-×××××× သို့ လာရောက်ပေးပါ အဆင်မပြေမပြေကိုလည်း အကြောင်းပြန်ပေးပါရန် "

အဆင်ပြေကြောင်း ပြန်စာပို့ပြီးတော့
ထယ်ရယ်တစ်ယောက်တည်း
စဉ်းစားခန်းဖွင့်နေလိုက်တယ်
ရစ်ခီ့ရဲ့လက်ရှိအခြေအနေအတွက်ဆိုရင်
ဘော်ဒီဂတ်လဲမဟုတ်
မန်နေဂျာဆိုရအောင်လဲ မနေ့ကထိ ဂျာလေးig accမှာ ရစ်ခီနဲ့ပတ်သတ်တာတွေ တင်ထားတုန်းပါ

The Sound Of Your HeartWhere stories live. Discover now