Part - 3

400 57 1
                                    

" ကြွပါခဗျာ ဝိုင်းbooking ယူထားပါလား "

" မယူထားဘူး ဒီတိုင်းထိုင်မှာ "

" ဟုတ်ကဲ့ menu cardကြည့်ပြီး qr codeကနေ
customizedမှာလို့ရပါတယ် "

"လူကိုယ်တိုင် orderယူပေးတဲ့ စနစ်မဟုတ်ဘူးလားဟ "

" အဲ့လိုမျိုးမဟုတ်ပါဘူးဗျာ
ဒါပေမဲ့ serviceတစ်ခုခုလိုရင်တော့
အမြန်ဆုံးလုပ်ပေးပါတယ် "

" မင်းတို့ဆိုင်တွေ အဲ့လိုချည်းပဲ ပြီးရင် စောက်တလွဲ "

" အိုပါး အဲ့လိုမပြောနဲ့လေ ... "

" ဒါဆို စိတ်ကြိုက်မှာပါဗျ
orderရတာနဲ့ လာချပေးပါမယ် "

ဒီလိုတင်စီးတဲ့ customerတွေနဲ့တွေ့ရတာကလဲ
ဂွန်းဝုအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး
ကြာလာတော့ အရေထူလာပြီမလို့ ဘယ်လိုမျိုး
တုံ့ပြန်ရမလဲဆိုတာကို ကောင်းကောင်းသိလာနေပြီ

" ထယ်ရယ်ဟျောင်း ဟိုစုံတွဲရဲ့ tableကိုမသွားနဲ့နော်
ကျွန်တော်ပဲသွားလိုက်မယ် "

📝 " ဘာဖြစ်လို့လဲ ဂွန်းဝု "

" ဒီတိုင်းပဲ ကျွန်တော် လက်ခံထားလိုက်မိတဲ့ဝိုင်းမလို့ "

📝 " စတိုခန်းထဲ သွားရှင်းနေလိုက်မယ်
ဆိုဂျူတွေ မဖြည့်ရသေးဘူး "

" ဟုတ်ပြီ ဟျောင်း "

ဆိုင်မှာက အချိန်ပိုင်းဝန်ထမ်းဆိုလို့ 2ယောက်ပဲရှိတာ
ဆိုင်ကအရမ်းကြီးတာမျိုးမဟုတ်ပေမဲ့
အရသာကောင်းတာကြောင့်
ညနေရုံးဆင်းချိန်လောက်ဆိုရင်တော့ လူကျတတ်တယ်
2ယောက်တည်းနဲ့ဆိုင်ရှင်နဲ့ပဲရှိတာဆိုတော့
ပင်ပန်းပြီးမလုပ်ချင်တဲ့ထိမဟုတ်ပေမဲ့
နည်းနည်းတော့ အလုပ်များရတယ်

ထယ်ရယ်ဒီဆိုင်မှာလုပ်တာ 2နှစ်ကျော်လောက်ရှိပြီ
SATဖြေပြီးနောက်နှစ်မှာ
အဖေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကပိုဆိုးလာခဲ့လို့ ရုန်းထွက်ရမယ်ဆိုပြီးအလုပ်ရှာရင်း
ဒီဆိုင်မှာပဲမြဲနေခဲ့တာ

သူဌေးက အရမ်းသဘောကောင်းလို့
ထယ်ရယ်အများကြီးကျေးဇူးတင်ရပါတယ်
လစာလဲ ပိုပိုလျှံလျှံပေးတယ် အဖေ့အကြောင်းကိုသိလို့
အဖေက လစာတွေအကုန်သိမ်းတဲ့အခါ
ထယ်ရယ့်လက်ထဲ သိပ်မရှိတော့ရင်လဲ
မုန့်ဖိုးပါပိုပေးသေးတယ်
တစ်ခါတစ်လေကျ ဆိုင်ပိတ်ခဲ့ပြီး
သုံးယောက်သားsaunaသွားတာ
ဟန်မြစ်ဘက်လျှောက်သွားကြတာ
လမ်းကြားဆိုင်လေးတွေထဲလျှောက်ကြည့်တာမျိုးတွေ
အချိန်ကုန်ကြတယ်
ဆိုင်ရှင်လူပျိုကြီးမလို့ တူလေးသားလေး2ယောက်
ကောက်ရသလိုမျိုးတဲ့လေ

The Sound Of Your HeartWhere stories live. Discover now