" ကျွန်တော် ပြင်သစ်ကို ပညာတော်သင်သွားတော့မလို့
ဟျောင်း "" ရုတ်တရက်ကြီးလား "
ထယ်ရယ် စကားပြန်ပြောပြီးနောက်ပိုင်း
ဂွန်းဝုနဲ့ ပထမဆုံးပြောရတဲ့စကားကတော့
ရင်နာစရာအပြည့်ပါပဲ
ဂွန်းဝုရဲ့စကားအတိုင်းပေမဲ့
ထယ်ရယ့်အနားကထွက်သွားမဲ့သူက
ဂွန်းဝုကိုယ်တိုင်ဖြစ်နေခဲ့တာ" ရုတ်တရက်ဆန်တယ်ပဲပြောပါတော့ ဟျောင်းရယ် "
" ဘာပဲဖြစ်ဖြစ်ပြန်လာမှာမလား
ဟျောင်းက စောင့်နေမှာပေါ့ "" 4နှစ်ပြီးရင်တော့ ပြန်လာခဲ့မယ်ဆုံးဖြတ်ထားတယ်
ကျွန်တော် ဟန်းဂုကို အဲ့ထက်ပိုပြီးတော့
အကြာကြီးမခွဲနိုင်လောက်ဘူး ထင်တာပဲ "" ဒီကြားထဲရော ပြန်လာအုံးမှာလား "
" အဲ့လိုတော့ပြန်မလာဖြစ်လောက်ဘူး ဟျောင်း
scholarshipနဲ့ဆိုတော့ စာထဲပဲ သေချာအာရုံစိုက်ချင်လို့ "" အင်းပေါ့လေ အဲ့လိုကလဲ
ဂွန်းဝုအတွက်ကောင်းပါတယ် "" အာ... နှမြောလိုက်တာ တကယ်... "
" ဘာကိုလဲ ဂွန်းဝု ... "
" နောက်တစ်ခါပြန်ကြားရတဲ့
ဟျောင်းစကားပြောသံလေးကို
ကျွန်တော် တစ်ဝကြီးနားမထောင်ရတော့ဘူးလေ ဟဟ "ထယ်ရယ် ဒီစကားတစ်ခွန်းတည်းနဲ့တင် ဂွန်းဝုမျက်နှာကို
စေ့စေ့စိုက်မကြည့်ရဲတော့ဘူးဖြစ်သွားတယ်
ဂွန်းဝုကတောက်လျှောက် ရယ်ရယ်မောမောပြောနေပေမဲ့
တကယ်တော့ သူမျက်ရည်တွေဝဲပြီး
အသံတွေပါတုန်နေခဲ့တာ" ဘယ်တော့သွားဖြစ်မှာလဲ လိုက်ပို့မယ်လေ "
" နောက်တစ်ပတ်ထဲဖြစ်လောက်မယ်
ဒီကြားထဲ အားချိန်မရတော့မှာမလို့
ဟျောင်းကိုအရင်ဆုံးလာတွေ့တာ
လိုက်မပို့ပါနဲ့ ဟျောင်းရယ်... "" ဂွန်းဝုကလဲ ... "
ဂွန်းဝုက သက်ပြင်းမမည်တဲ့လေပူတစ်ချက်ကို
မှုတ်ထုတ်လိုက်ပြီး မျက်ရည်တွေကိုလဲသုတ်လိုက်တယ်
ပြီးတော့ ထယ်ရယ့် အရှေ့ကို
အနက်ရောင်ဘူးလေးတစ်ခုကို ဖွင့်လျက် ချပေးလိုက်ပြီး
YOU ARE READING
The Sound Of Your Heart
Fanfictionနာမည်ကျော်တစ်ယောက်ကို သာမန်ကောင်လေးတစ်ယောက်က ချစ်တယ် အဲ့ဒီသာမန်ကောင်လေးကိုလဲ ကောင်လေးတစ်ယောက်က ချစ်နေတယ် နီးကပ်နေတဲ့ရင်ခုန်သံနဲ့ အဝေးတစ်နေရာက ရင်ခုန်သံ နာကျင်ခြင်းနဲ့ ပျော်ရွှင်ခြင်းနှစ်ခုစလုံးဟာ အဲ့ဒီ သာမန်ကောင်လေးပေါ်မှာပဲ မူတည်နေပါသတဲ့လေ Tae...