Part 3

257 12 0
                                    

Unicode

#ခြွေသော်မကြွေ...ကြွေသော်မစဲ
#အပိုင်း(၃)

"ငါ ပြန်တော့မယ် ရဲရင့်"

ဒီစကားကိုသူပြောနေခဲ့တာ အကြိမ်ပေါင်းမနည်းတော့။သို့သော်ရဲရင့်က သူ့လက်ကိုလွှတ်မပေး။ဒီနေ့ boss ဖြစ်သူ ဦးမိုးဝေက အားလုံးစားကြသောက်ကြရန်
မုန့်ဖိုးပေးလိုက်သောအခါ ဝပ်ရှော့ထဲက လူမိုက်တစ်သိုက်နှင့်သူ ဆီချေးစော် နံနံစော်စော်နဲ့ပဲ စားသောက်ဆိုင်ရောက်လာခဲ့သည်။

မသောက်ဘူးလို့ခါးခါးသီးသီးငြင်းသော်လည်း အနိုင်ကျင့်ပြီး ပါးစပ်ဖြဲကာလောင်းထည့်မတက် ဝိုင်းတိုက်ကြသည့်အခါ...ဘီယာသုံးလေးခွက်အရှိန်ကခေါင်းထဲရီဝေဝေနှင့်ခပ်ထွေထွေလေး ဖြစ်နေ၏။
သူတို့ကတော့ ဘီယာကိုရေလိုသောက်ကာ
အသကုန်မူး အသကုန်မှောက်ကြလေသည်။
ဒါလဲသူတို့အားမရကြသေး။
club သို့ခြေဆန့်ကြမည်ဆို၍ မြသား ခေါင်းတစ်လုံးပေကာ ခြေကန်ငြင်းနေခြင်းပင်။

"အမေဆူလိမ့်မယ်ကွ...
အတော်နောက်ကျနေပြီ"

"လာစမ်းပါ...မင်းအိမ်ကိုငါကိုယ်တိုင်လိုက်ပို့မယ်...
ဘာမှမဖြစ်စေရဘူး"

တစ်ဖွဲ့လုံးကညီနေပြီး သူတစ်ယောက်တည်း
ခေါင်းမာနေသည့်အခါ ဆွဲခေါ်ရာနောက်ပါလာရပြန်သည်။

"မင်းကို လောကဗိမာန်ဘုံလေးကို အလည်ခေါ်သွားတာ...ယောကျာ်းလေးမှန်ရင် ဒီလိုနေရာတွေ
ရောက်ဖူးရမယ်...သောက်တတ်ရမယ်...
ကောင်းကောင်းdance တတ်ရမယ်...ဘယ်နေရာ ဘာရှိတယ်...သိနေရမယ်...ကြားလား ကောင်လေး..
ခပ်တုံးတုံးမနေစမ်းပါနဲ့..."

ဒါ မောင်ရဲရင့် ၏ ဒီည သင်ပေးတဲ့ လက်ချာတွေ။သူပြောတဲ့ လောကဗိမာန်ဘုံဆိုတာ...

မီးရောင်မှိန်မှိန်လေးအောက်တွင် ကခုန်ချင်စရာ တီးလုံးအမြူးစားတွေနှင့် လူအများပျော်ရွှင်စွာ ခုန်ပေါက်မြူးထူးနေကြသည့်နေရာလေး။
ကိုယ့်ရုပ်ကိုယ်မမြင်။ကိုယ့်အသံကိုယ်မကြား။
တကယ်ပဲအပြင်လောကနဲ့ ခေတ္တအဆက်ပြတ်ကာ အမြင်ဆန်း အသစ်ဆန်းတွေချည်း စုပုံနေသည့်နေရာလေး။

ခန္ဓာကိုယ်တွန့်လိမ်ပြီးကနေကြသည့်ကကွက်ဆန်းတွေ။မူးရူးကာ အသိစိတ်ပျောက်နေကြသည့် မိန်းကလေးတွေ။ ထိုမိန်းကလေးကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်လိုသည့် ယောကျာ်းလေးတွေ။
အို...ထိုclub ထဲမှာ မြင်မြင်သမျှ အသစ်အဆန်းတွေကြီးတွေချည်းပင်။
ယောကျာ်းတွေပဲ ရှိလိမ့်မည်ဟု ထင်ထား
သည့် နေရာမှာ ဘာလို့မိန်းကလေးတွေက ထက်ဝက်လောက်နီးပါး ရှိနေရတာလဲ။
ဒါလဲ ရင်ဘောင်တန်းခြင်းတစ်မျိုးပဲဟု တွေးနေမိသည်။

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Où les histoires vivent. Découvrez maintenant