Part 17

207 12 0
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁၇)

"ငါ မင်းကိုကြည့်နေတာ…မင်း…အခုတလော
မိန်းမဆန်လာသလားလို့"

ရဲရင့်က သူ့မျက်နှာကို စေ့စေ့ကြည့်ရင်းပြော၏။
မြသား ကြိတ်ပြုံးနေမိသည်။
ရဲရင့်တွေးသလိုပင်။
သူ့စိတ်ရော အပြောအဆို အပြုအမူတွေပါ မိန်းမဆန်လာသလို ရှိနေတာတော့ အမှန်ပင်။

"မင်းကို မိန်းကလေးလို့ အခုတလောပိုခံစားမိလာတယ်"

"ဟမ်…ငါကမိန်းကလေးပဲကိုး…မင်းကအခုမှ ခံစားမိတာဟုတ်လား…"

ရဲရင့်ကသူ့ကို တွေတွေလေးကြည့်ကာ
လေးလေးပင်ပင်ခေါင်းခါနေ၏။

"မိန်းကလေးမှန်းသိပေမဲ့ ယောကျာ်းလေးလိုပဲငါ စိတ်ထဲခံစားရတာ…အခုတလောတော့
အရင်ကထက် ပိုထူးခြားလာတာ အမှန်ပဲ…"

"အင်း အဲ့တော့"

"မိန်းမတစ်ယောက် ပြောင်းလဲတာ အလကား
တော့မဟုတ်ဘူးကွ…အကြောင်းအရင်းရှိတယ်
ငါ့ကောင်မလေးဆို သူ့ပုံစံကိုကြည့်တာနဲ့
သူ ညက ဘာကားကြည့်ခဲ့လဲ ငါခန့်မှန်းလို့ရတယ်…"

"ဟ ဟုတ်လှချည်လား ပြောပါအုန်း"

နားထောင်မည့်သူသာရှိလျှင် ဘယ်သွားသွား
နောက်ကလိုက်ပြောတတ်သည့် ရဲရင့်က မြသား စိတ်ဝင်စားဟန်ပြသည်နှင့် အားတက်သရော ပြောချင်နေပုံရသည်။

"ဒီလိုလေ…
သူ အရမ်းကို ခရုဖြစ်ချင်နေပြီး ဆတ်ဆတ်ကျဲ စွာတာတာ ဖြစ်နေရင်  ကိုရီးယားကြည့်ခဲ့တာ…
လူကိုမျက်လုံးကြီးပြူး စိုက်ကြည့်နေပြီး စကားတွေတအားများနေရင်ကုလားကား…
ဘာမှန်းမသိရယ်နေပြီး လေကြီးလေကျယ်တွေ ပြောနေပြီဆို မြန်မာကားကြည့်
ခဲ့တာ…
ဟားဟားးမလွဲဘူး  အဲ့ဒါအသေအချာပဲ"

ရဲရင့်စကားကြောင့် မြသားသဘောကျကာ
ခွက်ထိုးခွက်လှန်အော်ရယ်ပစ်လိုက်သည်။

"ဟာဟားး ဒါဆို အင်္ဂလိပ်ကားရော"

"အဲ့ဒါတွေသူမကြည့်ဘူး…စိတ်ချ
သူမှနားမလည်တာ… တရုတ်ကားဆိုရင်တော့ သတိထားဗျာ…
အပြောမတတ်ရင် လက်ဝါးတွေ လက်သီးတွေလာချင်တာ…သူက…ဟားဟားး"

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Donde viven las historias. Descúbrelo ahora