Part 19

268 12 0
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁၉)

ကော့ညွတ်နက်မှောင်နေသော မျက်တောင်လေးတွေက နည်းနည်းလေးတောင်လှုပ်မလာ။
နှုတ်ခမ်းလေးကိုတင်းတင်းစေ့ထားသော်လည်း ပြောချင်နေသည့် စကားများစွာ ရှိသေးကြောင်း နေဝန်းညို စိတ်ထဲက အလိုလိုသိနေ၏။

"မြသား…"

သူမရဲ့လက်သွယ်သွယ်လေးတွေကို သူ့ပါးပြင်မှာကပ်ကာစိတ်ပူပင်စွာခေါ်နေမိသည်။

"မမ…သူ ဘာလို့သတိမရသေးတာလဲ…
ကျွန်တော်စိတ်ပူနေပြီ…ဒီအတိုင်းဆို
ဆေးရုံသွားမှဖြစ်မယ်…
အချိန်ကြာလို့ သူမနိုးလာရင်ဘယ်လိုလုပ်မလဲ"

နေဝန်းညိုကမငိုရုံတမယ်မျက်နှာထားနှင့်ပြောသည်။
သျှားလဲ့ညို …မေ့မျောနေသော မြသားကို
ကြည့်ပြီး သက်ပြင်းတွေ ချနေမိသည်။

အဆိပ်ဆိုပြီး ပြောခဲ့သည့် ပုလင်းလေးသည် တကယ်တော့ မေ့ဆေးပုလင်းသာ ဖြစ်သည်။တစ်ပုလင်းလုံးသာ သောက်လိုက်ရင် အဆိပ်ဖြစ်သွားနိုင်သော်လည်း တစ်ဝက်တောင်
မရှိထည့်ထားတာသည်မို့သူနိုးသင့်နေပြီဖြစ်သည်။မိသားစုဆရာဝန်ကလည်း ဘေးမှ တစ်ချိန်လုံးထိုင်ကြည့်ကာ စိတ်ပူစရာ မရှိကြောင်း ပြောနေသော်လည်း သူတို့ နှစ်ယောက်လုံး စိတ်ပူနေပြီဖြစ်သည်။

"မြသား…ကိုကို ခေါ်တာ ထူးပါအုန်းကွာ…
ကိုကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့…တစ်ခုခုတော့ ထပြောပါအုန်း"

နေဝန်းညိုက မြသားလက်နှစ်ဖက်ကို ဆုပ်ကိုင် နမ်းရှိုက်ကာမျက်ရည်တွေကျနေ၏။
ထိုမြင်ကွင်းကိုငေးကြည့်နေသည့်သျှားလဲ့ညိုကတော့အပြစ်သားတစ်ယောက်လိုဘေးမှာတောင့်တောင့်တင်းတင်းရပ်ကာ
ကြည့်နေမိ၏။

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးကို သူအပြစ်လုပ်ခဲ့မိသည်။ပြန်တွေးမိတိုင်းနောင်တတွေနှင့် ယူကြုံးမရဖြစ်နေမိ၏။အကယ်၍ ဖိုးသားသာ တစ်ခုခုဖြစ်ခဲ့ရင်…သူ့ကိုသူ ဘယ်လိုမှ ခွင့်လွတ်နိုင်မည်မဟုတ်။

သတိရပါတော့ ဖိုးသားရယ်…ဒီပွဲမှာ မင်းနိုင်ပါတယ်…
မင်းကို အရှုံးပေးလိုက်ပြီလို့ ပြောချင်လို့ သတိရပါတော့ကွယ်…

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin