Part 18

222 11 0
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁၈)

ဟန်နီတို့ မင်္ဂလာသတင်းက ဟန်နီ၏ မိဘများအပြင်ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲတွင်လည်း ဟိုလေးတကျော်ဖြစ်သွား၏။
မာမီနဲ့မမကလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး သူ့ကို အပြစ်တင်ကြသည်။သူတို့ကို အသိမပေးဘဲ စိတ်ထင်ရာလျှောက်လုပ်သည်တဲ့။အခုလည်းမောင့်ကိုသူတို့နှင့်မိတ်ဆက်ပေးရန်တစ်ချက်လွှတ်အမိန့်ချလိုက်သည်။

ဟန်နီ သွေးပူပူနဲ့လျှောက်လုပ်ခဲ့တာ…။
အခု ဘယ်လိုလုပ်ရမလဲမသိ။
ကြံရာမရသည့်အခါ သူငယ်ချင်းတွေကိုပဲ
ရင်ဖွင့်မိသည်။ဟန်နီဘက်ကကူစဉ်းစားပေးနိုင်တာလည်း ဒီသူငယ်ချင်းတွေပဲရှိတာမဟုတ်လား။

"အဲ့ဒါနင်ဘယ်လိုလုပ်မှာလဲဟန်နီ…
မင်္ဂလာဆောင်တာ တစ်ယောက်တည်း ဆောင်လို့မှမရဘဲ…အခုတော့…
နင့်အရှက်နင်ခွဲတာနဲ့အတူတူပဲ"

နန္ဒာ့စကားက ရင်ထဲစူးခနဲနေအောင် အောင့်သွားသော်လည်း ပြန်မချေပနိုင်။
စိတ်ညစ်ညစ်နဲ့မော့နေသည့်ခွက်ပေါင်းကလည်းမနည်းတော့။
အရင်ကတော့ မူးပြီးစိတ်ကြိုက်သောင်းကျန်းခဲ့လည်း
မောင်က ဘေးမှာအမြဲ ရှိနေပြီးသားမို့ ဘာကိုမှမပူပင်။အခုတော့ မောင်လည်း အနားမှာ မရှိသည့်အခါ မူးနေသော်လည်း
စိတ်ရှိတိုင်း မပေါက်ကွဲရဲတော့။

"နင် ဘာလုပ်မှာလဲ ဟန်နီ…နေဝန်းညိုက နင့်ဆီပြန်မလာတော့မှာသေချာသလောက်ပဲနော်…
ငါသိရသလောက် နေဝန်းညိုက သူ့အစ်မနဲ့ကောင်မလေးကိုတောင် ပေးတွေ့နေပြီ…သူ့အစ်မသာ လက်ခံရင် အဲ့ဒီကောင်မလေးကို သူယူတော့မှာအသေအချာပဲ…"

"တိတ်စမ်း…မကြားချင်ဘူး…"

အရက်ခွက်ကို ခုံပေါ်သို့ အရှိန်ပြင်းပြင်း ဆောင့်ချကာ ဒေါသတကြီးအော်လိုက်တော့…
ဒါလီက မျက်စိမျက်နှာပျက်ဖြစ်သွားသည်။

"မောင်က ငါ့ကိုပဲယူမှာ နင်တို့ကြည့်နေ…
ငါ့ကို သူထားသွားလို့မရဘူး…"

သူ့စကားကို ဒါလီနဲ့နန္ဒာကရယ်နေ၏။
ရယ်စရာမပါဘဲ အရယ်ခံရသည့်အခါ တီကောင်ဆားနဲ့အပက်ခံရသလို ခံရခက်လွန်းသည်။သူတို့မျက်လုံးထဲ ဟန်နီက
အရမ်းသနားစရာကောင်းတဲ့ သတ္တဝါတစ်ကောင်ဖြစ်နေပြီလား မသိ။

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Opowieści tętniące życiem. Odkryj je teraz