Part 7

238 14 0
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၇)

"ဟိုးမှာထိုင်နေတဲ့ ကောင်မလေးက သျှားမောင်လေးနဲ့ တွဲနေတဲ့ ကောင်မလေးပဲ…"

ဂျွန် မျက်စပစ် မေးငေါ့ပြသည့်နေရာသို့ မသိမသာ စောင်းငဲ့ကြည့်လိုက်သည်။
ဖြူဖြူသွယ်သွယ် ချစ်စရာ ကောင်မလေးတစ်ယောက်… သူ့အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ စကားပြောနေသည်ကို တွေ့လိုက်ရသည်။

မောင်လေးမှာချစ်သူရှိမှန်း သူသိသည်။
နိုင်ငံခြားထဲမှာကတည်းက တွဲနေကြသည်လို့လည်း သူသိထားသည်။
အခုထိတော့ မောင်လေးကမိတ်ဆက်မပေးသေး။
ဘာကြောင့်လဲတော့ သူမသိ။
သူလည်း ထိုကိစ္စနဲ့ ပတ်သတ်ပြီးမမေးဖြစ်ခဲ့ပေ။
အေးလေ…သူလဲ ငယ်သေးတာပဲ…
မောင်လေးအသက်ကအခုမှ 23ပဲရှိသေးတာ
အိမ်ထောင်ပြုဖို့လောနေရမဲ့ အရွယ်မှ မဟုတ်ဘဲ…။

"ကောင်မလေးနာမည်က ဟန်နီတဲ့… မိဘတွေကတော့ မိုးကုတ်က ကျောက်သူဌေးတွေလေ…မျိုးရိုးစဉ်ဆက်
ချမ်းသာလာတာ…ဂုဏ်ရှိန်မြင့်တဲ့ အသိုင်းအဝိုင်းကပေါ့"

"အင်း"

ထိုအင်းမှာ စိတ်ချခြင်းတွေရော စိတ်မချခြင်းတွေပါ ရောပြွန်းနေမှန်း သူပဲသိသည်။ငွေရှိပြီး ဂုဏ်ဒြပ်တစ်ခုကိုပါ
မက်မောတွယ်တာတတ်တဲ့ လူတွေက တော်ရုံလူကို လူလို့ မြင်ခဲကြတာ သူသိနေလို့ပင်။

"ဘာလဲ…သျှား…မောင်လေးက…
ကိုယ့်ကိုကျော်တက်မှာမို့လို့ စိတ်မကောင်းဖြစ်နေတာလား"

ဂျွန်က ဝိုင်ကို သောက်ရင်း သူ့ကို တစိမ့်စိမ့်ကြည့်ကာ ဆိုသည်။

"အိမ်ထောင်ပြုတာ ပြိုင်ပွဲကျင်းပနေတာမှ
မဟုတ်ဘဲ…ဂျွန်ရယ်…ကျော်တော့လဲကျော်ပေါ့ ဘာစိတ်မကောင်းစရာရှိလဲ…အဓိက က သူတို့တွေ အဆင်ပြေဖို့ပဲ…"

"သျှားကရော…ဘယ်လိုလဲ…
အိမ်ထောင်မပြုတော့ဘူးလား…"

သျှားလဲ့ညိုမဖြေ…လက်ထဲမှာကိုင်ထားသည့် ဝိုင်ခွက်လေးကိုသာ ပြုံးပြုံးလေးစိုက်ကြည့်နေမိသည်။
ဂျွန်က သူ့ကို ချစ်ခွင့် တောင်းထားသည့် သူမို့
သူ့အဖြေကို သိချင်နေပုံပေါ်သည်။

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Donde viven las historias. Descúbrelo ahora