Part 12

224 12 0
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁၂)

ရေစက်ရှိရင်ဆုံဖြစ်အောင်ဆုံပြီး…
ရေစက်ကုန်ရင် ခွဲခွာရစမြဲပဲ…။အဲ့ဒီအခါမှာ
ပျော်ခဲ့တာနှင့်အမျှ ရင်ထဲနင့်အောင် နာကျင်ရတော့တာပင်။

ဒီလမ်းကို သူတစ်ယောက်တည်း မျက်ရည်တွေနဲ့ ပြန်လျှောက်ရမယ်မှန်း
ကြိုသိခဲ့ရင်…လာတဲ့လမ်းမှာ ဝမ်းသာအားရပျော်ခဲ့မိမှာမဟုတ်ဘူး……

ထားခဲ့မယ်မှန်းကြိုသိခဲ့ရင် လိုက်ခဲ့မိမှာမဟုတ်ဘူး…

နာနာကြည်းကြည်း လှည့်ထွက်သွားလိုက်တာ…
ဘယ်လိုဖြစ်ပြီး ကျန်ခဲ့မလဲဟု  တစ်ချက်လေးတောင် လှည့်မကြည့်တော့…။

အခုတော့မျှော်လင့်ချက်မရှိတော့သည့် လမ်းမကြီးထက် မြသားတစ်ယောက်တည်း
အားငယ်စွာခေါင်းငိုက်စိုက်လျှောက်နေမိသည်။
ကားဌားပြီးအိမ်ပြန်လို့ရသော်လည်း
အိမ်ကိုလဲ မပြန်ချင်ခဲ့။

အိမ်ပြန်ရင် အမေက မြသားကိုဆူပြီး ရိုက်အုန်းမည်။အမေရဲ့အထင်လွဲမှုတွေကိုဖြေရှင်းရအုန်းမည်။မြသားရဲ့ ဝတ်စား
ဆင်ယင်မှုအတွက် အမေ့ရဲ့ အပြစ်တင်ခြင်းကိုခံရအုန်းမည် ဟု တွေးမိသည့်အခါ…အပြစ်လုပ်ထားသည့် ကလေးငယ်တစ်ဦး
အိမ်ပြန်ရန်ကြောက်နေသလိုပင် မြသားလည်း ကြောက်နေမိသည်။

ဒါဆို ဘယ်သွားရမလဲ…
အခုကရော ဘယ်ရောက်နေပြီလဲ…
မြသားခေါင်းထဲ ဘာကိုမှ မဆုံးဖြတ် မစဉ်းစားနိုင်တော့သည့်အခါ…  လမ်းဘေးတစ်နေရာတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ဝမ်းနည်းစွာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။
မျက်လုံးတွေကဖွင့်မရအောင်ဖူးအစ်လာပြီး
ခေါင်းတွေလည်း တဆစ်ဆစ်ကိုက်လို့နေ၏။

နေကလည်းတဖြည်းဖြည်းမြင့်လာပြီး
အပူရှိန်မြင့်လာပြီဖြစ်သည်။

လမ်းတွေ ဆက်မလျှောက်နိုင်တော့………
တစ်ကိုယ်လုံးအားမရှိတော့သလို နုံးချိပြီး
ခြေလက်တွေလည်းမသယ်ချင်တော့ပေ။

အားတင်းပြီးtaxi တစ်စီးကို တားလိုက်သည်။
မတန်တဆ စျေးတောင်းလည်း ဌားရမှာပင်။
မဟုတ်ရင် မြသားမေ့လဲသွားလိမ့်မည်။

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Dove le storie prendono vita. Scoprilo ora