Part 10

236 13 1
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁၀)

အသက်ရှုသံ…
ထို အသက်ရှုသံ တိုးတိုးညင်းညင်းလေးသည် သူ့နှလုံးသားကို ညင်သာစွာ လှုပ်ခတ်နိုးသည်။

မျက်လုံးတွေကို ဖြေးညင်းစွာဖွင့်လိုက်သည်။
နွေးထွေးတဲ့နေရောင်ခြည်နှင့်အတူအမြင်အာရုံထဲ ဦးစွာဝင်လာသည်က မျက်နှာဖူးဖူးလေး။
နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ မျက်နှာလေး။
ထိုမျက်နှာလေးနှင့် သူ့မျက်နှာသည် အသက်ရှူသံ ကြားနိုင်သည်အထိ နီးကပ်စွာ ရှိနေသည်။
သူ အသက်ပင် မရှူမိ။
သူ့အသက်ရှူသံကြောင့် လန့်နိုးသွားမည်စိုးသည်။
ချစ်မြတ်နိုးစွာ တစိမ့်စိမ့်စိုက်ကြည့်မိနေရင်း
ရင်ခုန်သံတွေ လှုပ်ရှားယိမ်းယိုင်နေသည်။
မင်းက ငါ့မိန်းကလေးဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲ…
မျက်လုံးဖွင့်တိုင်း အခုလိုမျိုး မင်းကိုအရင်ဆုံးမြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲကွာ……
မျက်လုံးနှစ်လုံးဖွင့်ကတည်းကမပြည့်သော ဆန္ဒများစွာနှင့်ပါ။

နောက် စိတ်ထဲအသိထဲဝင်လာခဲ့သည်က သူ့လက်တစ်ခုလုံးနာကျင်နေသည်။သူက
ဖျာရဲ့အစွန်ပိုင်းလေးမှာ လက်ကို အုံးလျှက်
ခွေခွေလေးအိပ်နေခဲ့သည်။

ဖျာရဲ့တစ်ဝက်ကျော်ကျော်ကို ငနဲလေးက နေရာယူထားသည့်အပြင် သူ့ခေါင်းအုံးကိုလည်း အပီ ဆွဲအုန်းထားသေးသည်။
သူ့ခေါင်းအုံးက ဘယ်ဆီရောက်နေမှန်းမသိ။

တော်တော်ဆိုးတဲ့ကောင်…
သူ…သဘောကျစွာ ရယ်နေမိသည်။
ဒါလဲ ဒီကလေးကမနိုး။
စောင်ကို မျက်နှာဖော်ရုံသာ တင်းတင်းခြုံလျှက်
အိပ်နေလိုက်တာများ ကောက်ညင်းထုတ်လေးအတိုင်း…။

သူ အသက်ကို အောင့်လျှက် အိပ်ရာမှထသည်။
မိုးစင်စင်မလင်းသေး။သို့သော် ကြက်သံ ဌက်သံ တရားသံများနှင့် ဆူဆူညံနေပြီဖြစ်သည်။

တောဓလေ့အတိုင်း စောစောစီးစီး နိုးနေကြသည်။
သစ်ရွက်တွေပုံ မီးရှို့နေပုံရသည်။
မီးခိုးနံ့တွေ ရနေသည်။

သူခြင်ထောင်ကြိုးးတွေ ဖြုတ်ပစ်လိုက်သည်။

ဒါလဲငနဲလေးကတုတ်တုတ်မျှမလှုပ်။
သရဲကြောက်တဲ့
ကောင်ကလဲ…အိပ်တာသိုးလို့…။
ညကကျတော့ တစ်ညလုံးမအိပ်ဘဲ ငုတ်တုတ်ထိုင်မဲ့ပုံနဲ့…။

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Dove le storie prendono vita. Scoprilo ora