Unicode
" ကျွန်မကိုခွင့်ပြုပါဦး မဒမ်ဆေဗလင်း"
စားလို့ပြီးတာတောင်မပြန်သေးတဲ့
နေးကြောင့်ရှင်းနိုပြောရတော့သည်။"ကျွန်မလိုက်ပို့ပေးမယ် ဒေါက်တာ"
"ရပါတယ်ရှင် ကျွန်မဘာသာပဲပြန်လိုက်ပါ့မယ်"
"ငြင်းပြန်ပြီလား ဒေါက်တာရယ် ဒေါက်တာကကျွန်မစေတနာတွေကိုသိပ်ငြင်းချင်တာပဲလား"
"အဲ....အဲ့လိုမဟုတ်ရပါဘူး...ကျွန်မအားနာလို့ပါ..ပြီးတော့ကြာနေပြီမို့ဂျူတီရှိသေးတယ်ရယ်"
"လာပါ ဒေါက်တာရယ် ကျွန်မလိုက်ပို့မယ်"
ထိုသို့ဆိုပြီးရှင်းနိုရဲ့လက်ကိုဆွဲကာနေးခေါ်ထုတ်လာသည်။
Bill ရှင်းတော့နေးထုတ်လိုက်တဲ့ Black Card ဟာဘယ်လောက်တောင်ချမ်းသာကြောင်းပြနေလဲသိနိုင်သည်။
"မြင်လား ဒေါက်တာ ဒေါက်တာ့ကိုတစ်သက်လုံးပြည့်ပြည့်စုံစုံတင်ကျွေးနိုင်စွမ်းကျွန်မမှာရှိတယ်"
နေးကိုင်ထားတဲ့ကဒ်လေးကိုဝေ့ရမ်းပြတော့ဒေါက်တာကစိတ်လေတယ်ဆိုတဲ့အကြည့်နဲ့ခေါင်းခါပြတာကြောင့်နေးပြုံးလိုက်မိတယ်။
ဒေါက်တာနဲ့ဆိုရင် အချိန်တိုင်းလိုလိုကို နေးပြုံးနေနိုင်ပါတယ်၊ခက်တာကဒေါက်တာသူ့ကိုစိတ်ယိုင်ပါတယ်ဆိုတဲ့အမှုအရာမျိုးတောင်မတွေ့ရပေ။
ကားဆီသွားနေတဲ့ဒေါက်တာရှေ့ကိုအရင်ပြေးသွားလိုက်ပြီးနေးကားတံခါးဖွင့်ပေးလိုက်သည်။
"တက်ပါ ဒါလင်"
ကားပြတင်းပေါက်ဆီငေးနေတဲ့ရှင်းနိုကိုကားမောင်းရင်းတစ်ချက်တစ်ချက်ကြည့်နေတဲ့နေး။
"ဒါဆေးရုံကိုသွားတဲ့လမ်းမဟုတ်ဘူး"
"ကျွန်မသိပါတယ် ဒါလင်ရယ် ဒါလင့်ကိုတစ်နေရာဆီခေါ်သွားချင်လို့ပါ ပြီးတော့ ဂျူတီက
လူနာမလာလို့ညနေထိအားတယ်ဆိုတာကျွန်မ
သိတယ် မလိမ်တတ်ပဲမလိမ်ချင်ငြင်းစမ်းပါနဲ့"ရှင်းနို သူမကိုတကယ်လက်မြှောက်အရှုံးပေးပါတယ်၊အကုန်လုံးသူမသိတာမရှိဘူးပဲ။
![](https://img.wattpad.com/cover/335776770-288-k438769.jpg)
YOU ARE READING
SHE ( Sevlin Nattalie )
RomanceSevlin Nattalie + Rosalie Shinno GL Fiction ( own creation ) #IngyinMay