Unicode
နေးစာရင်းတွေထဲခေါင်းစိုက်နေတုန်းအန်နလာချပေးတဲ့ဖိတ်စာတစ်ခုကြောင့်မျက်ခုံးပင့်မိသွားသည်။
"ဘယ်သူ့လက်ထပ်ပွဲလဲ မတက်ချင်ပါဘူး"
"စာကိုအရင်ဆုံး ဖတ်ကြည့်ပါဦး နတ်တလီ"
နေးကအလုပ်လုပ်နေချိန်မှာတောင်သိပ်ကြည့်ကောင်းသည်။အခုလည်းအရင်လိုဂါ၀န်တွေမ၀တ်တော့ပဲ suit တွေ၀တ်နေတာကိုအန်နာသတိထားမိသည်။အချစ်ကပြောင်းလဲနိုင်စွမ်းသိပ်ကြီးတာပဲ။
ဖိတ်စာကိုလှန်လျောကြည့်ရင်းထွက်လာတဲ့ဒေါသမှန်သမျှကိုစာကြည့်မျက်မှန်လေးဆီနေးပုံချမိလိုက်တော့ကျွတ်ဆိုကာကျိုးပဲ့သွားလေသည်။
မျက်မှန်လေးကျိုးသွားသလိုပဲနေးရင်ဘတ်တ
စ်ခုလုံးလည်းကြေမွနေသည်။ဒေါက်တာကဒီကိစ္စကိုလွယ်လင့်တကူလက်ခံလိုက်တာလား၊နေးကိုလက်ခံဖို့အတွက်ကျသူမသိပ်ခက်နေခဲ့တာကိုလေ။"ဟန်နရီအကြောင်းအကုန်သိချင်တယ် တီရှာ!"
အန်နာသိလိုက်ပြီ၊နေးဘယ်လောက်တောင်စိတ်တိုနေမှန်း၊တီရှာလို့ခေါ်တာမျိုးကခပ်ရှားရှားရယ်၊နေးကစိတ်ခံစားချက်မြင့်မားနေတဲ့အချိန်မှသာအန်နာ့ကိုတီရှာလို့ခေါ်တာပင်။
ဒါလင့်ရင်ထဲကိုရောက်ဖို့အတွက်ဘယ်လို
အချိုးကွေ့မျိုးမဆိုနေးရင်ဆိုင်ပစ်လိုက်မှာ။"ကိုယ့်ကိုသိမယ်လို့ မျှော်လင့်ပါတယ် ရှင်း"
"ပါမောက္ခအကြောင်းကိုကျွန်မကြားဖူးပါတယ်"
ဖေဖေကြောင့်ရှင်းနိုပါမောက္ခဟန်နရီနဲ့သွားတွေ့ရလေသည်။ပါမောက္ခဟန်နရီဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီးဆရာ၀န်မို့ဖေဖေကရှင်းနိုနဲ့စေ့စပ်ပေးဖို့စီစဉ်လိုက်တာ၊ဒါပေမဲ့ရှင်းနိုပါမောက္ခကိုလက်မထပ်ချင်ပါ။
"ကိုယ့်ကိုဘယ်လိုမြင်လဲ ရှင်း"
"ဘာကိုမေးချင်တာလဲ ပါမောက္ခ"
"ကိုယ်ကတော့ရှင်းကိုသဘောကျတယ်
ဒါကြောင့်ဒီစေ့စပ်ပွဲကိုလက်ခံနိုင်တာပဲ"
YOU ARE READING
SHE ( Sevlin Nattalie )
RomanceSevlin Nattalie + Rosalie Shinno GL Fiction ( own creation ) #IngyinMay