Episode - 9

213 15 0
                                    

Unicode

"ကျွန်မကိုချစ်လား ဒါလင်"

"ချစ်တယ် လီလီ
ဒါပေမဲ့ ကျွန်မတို့က..."

" အပိုစကားတွေမပြောပါနဲ့လား ဒါလင်"

နှုတ်ခမ်းပေါ်ရောက်လာတဲ့နေးရဲ့လက်ညိုးကြောင့်ရှင်းနိုမှာစကားကိုဆက်မပြောတော့။

"ကျွန်မသိချင်တာက ဒါလင်ကျွန်မကိုချစ်သလား
မချစ်ဘူးလား တစ်ခုတည်းပဲဒါလင် ကျန်တဲ့အကြောင်းရာတွေကိုကျွန်မမသိချင်ဘူး သိဖို့လည်းမလိုအပ်ဘူးလို့ထင်ပါတယ် ဒါလင်သာကျွန်မကိုချစ်တယ်ဆိုရင်ကျန်တဲ့အရာတွေက
ဘာပဲဖြစ်ဖြစ်ကျွန်မရင်ဆိုင်နိုင်ပါတယ် ဒါလင်"

"ကျွန်မကိုတကယ်ချစ်တာလား လီလီ"

"ဒါပေါ့ ဒါလင် ဒါလင်သိထားတာထက် ပိုပြီးကျွန်မကချစ်တာ ဒီထက်ပိုပြီးလည်းချစ်ချင်သေးတာမို့ကျွန်မအနားမှာပဲနေပေးနိုင်မလား

ကတိပေးပါလား ဒါလင် ကျွန်မကိုဘယ်တော့မှ
မထားခဲ့ပါဘူးဆိုတဲ့ကတိ ကျွန်မလိုချင်တယ်"

ချစ်မိလာတဲ့အခါမပိုင်ဆိုင်ရသေးခင်ကအစပိုင်ဆိုင်ရသည်ထိတိုင်စိုးရိမ်ပူပင်ရလေသည်။

မာမီ့ကိုနေးအနားမှာတစ်သက်လုံးရှိနေမယ်လို့ထင်ခဲ့ဖူးသည်၊သို့သော်မာမီကနေးကိုထားခဲ့ပြီးတစ်သက်လုံးနေးအနားကိုပြန်မလာတော့ချေ။

မာမီနဲ့ကသေကွဲခွဲရသည်မို့နေးဖြေသာပါသေးသည်၊ဒါလင်သာအသက်ရှင်လျက်နေးကိုထားခဲ့မယ်ဆိုပါကနေးရူးသွားနိုင်သည်၊အဲ့လိုမှမဟုတ်ရင်လည်းဒါလင့်ကိုနေးအနားမှာရှိဖို့အတွက်တစ်သက်လုံးပိတ်လှောင်ထားလိုက်မည်။

အချစ်ကအတ္တကြီးဖို့အတွက်တွန်းအားပေးနိုင်တဲ့အရာလားဆိုတာနေးသေချာမသိ၊နေးသိတာကဒါလင်နဲ့ပက်သက်လာရင်နေးရဲ့အတ္တတွေကအဆုံးမရှိဘူးဆိုတာပင်၊ဒါလင်နဲ့ပက်သက်လို့အတ္တကြီးသင့်ရင်နေးကြီးလိုက်မှာပဲ၊အဲ့သည်လောက်ထိနေးဒါလင်ကိုချစ်ပါသည်။

"အင်း လီလီ ကျွန်မကတိပေးတယ်"

ပြန်ချင်ပုံမရတဲ့ဒေါက်တာကြောင့်ကမ်းခြေမှာလမ်းလျှောက်ဖို့နေးကားထဲကခေါ်ထုတ်ခဲ့သည်။

SHE  ( Sevlin Nattalie )Where stories live. Discover now