Episode - 12

196 15 0
                                    

Unicode

ချစ်ရသူနဲ့အတူနိုးထရတဲ့မနက်ခင်းတွေလောက်ပြီးပြည့်စုံတာမျိုးထပ်ပြီးရှိနိုင်ပါတော့မလား။

နေးမျက်လုံးဖွင့်တာနဲ့ဒါလင်ကနေးဘေးနားမှာချစ်စဖွယ်ပုစွန်ထုပ်လေးလိုကွေးကွေးလေးအိပ်နေရှာသည်။

နေးလည်းဒါလင့်နားတိုးကပ်သွားတာကာဒါလင့်ကိုရင်ခွင်ထဲထည့်ထားမိသည်။ဖြစ်နိုင်မယ်ဆိုရင်ဒီအချိန်လေးကိုနေးရပ်ထားချင်မိတော့တာပါပဲ။

နေး ဒါလင့်ကိုသူမအိမ်ထံပြန်၍မလွှတ်ချင်ပါ။

နေးစိတ်တွေလည်းလေးနေတာကြောင့်
ဒါလင်တစ်ခုခုဖြစ်မှာစိုးရိမ်ပါသည်။

၂၈ဆိုတဲ့ဒီအသက်ရွယ်ထိနေးအကြောက်လန့်‌ဆိုတာမရှိပဲရပ်တည်လာခဲ့တာ၊ဒါလင့်ကိုတွေ့မှနေးလည်းငါးပါးမှောက်ပြီးဒူးထောက်ရတော့တာပဲ။

ဒါလင့်ကိုသာဆုံးရှုံးရရင်ဆိုတဲ့အကြောက်တရားကနေးကိုအကြိမ်ကြိမ်သေစေတယ်။ဒါလင့်ကိုယ်လေးကိုနေးတင်းတင်းကြပ်ကြပ်ဖက်ထားနေမိတယ်၊နေးဘယ်လိုနည်းနဲ့မှအဆုံးရှုံးမခံနိုင်ပါ။

"လီလီ နိုးနေပြီလား"

ရှင်းနိုကနေးရဲ့ရင်ခွင်ထဲရောက်နေတဲ့အပြင်နှစ်ယောက်ကအရပ်ချင်းလည်းကွာတာမို့နေးကိုရှင်းနိုမော့ကြည့်ရသည်။

"ခုနတည်းကပဲ ဒါလင်နဲ့အတူတူထချင်လို့"

မျက်၀န်းတွေစိုစွတ်နေတဲ့နေးကြောင့်ရှင်းနိုထိတ်လန့်သွားရသည်။

"ငိုနေတာလား လီလီ ဘာဖြစ်တာလဲ"

"ဒါလင်နဲ့မဝေးချင်လို့ ဒါလင်ကျွန်မနဲ့အတူမရှိတော့မှာကိုလည်းကြောက်တယ် ကျွန်မ...ကျွန်မ"

ရှင်းနိုထလိုက်ကာ နေးကိုဆွဲဖက်လိုက်သည်။

ဒီလိုကျတော့လည်းလီလီကသူ့အရုပ်ကလေးပျောက်သွားလို့ငိုနေတဲ့ကလေးနဲ့တူနေပြန်သည်။

"ကျွန်မ လီလီနားမှာရှိနေတုန်းပါပဲ"

"ဒါလင့်ကိုကျွန်မချစ်တယ်"

"အတူတူပါပဲ လီလီ"

အချစ်ကလူကိုပျော့ညံ့စေတာလား၊လူတစ်ယောက်ကပဲလူတစ်ယောက်ကိုပျော့ညံ့စေတာလားဆိုတာကိုအဓိပ္ပာယ်မဖွင့်ဆိုတတ်တော့ပါ။

SHE  ( Sevlin Nattalie )Where stories live. Discover now