Unicode
စားသောက်ပြီးတာနဲ့ဒါလင့်ကိုနေး
ဆေဗလင်းအိမ်တော်ကိုသာခေါ်လာခဲ့သည်။"ဒီနေ့ကစပြီးဆေဗလင်းအိမ်တော်ကဒါလင့်အိမ်ပဲ"
"ကျေးဇူးတင်ပါတယ် လီလီ ရှိနေခဲ့ပေးလို့
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဘေးနားမှာပေါ့""ဒါလင်လည်းကျွန်မဘေးနားရှိနေပေးပါ
ကျွန်မလိုချင်တာဒီကတိပေးတစ်ခုပါပဲ""ကျွန်မကတိပေးနိုင်ပါတယ်"
နေး ဒါလင့်စကားကြောင့်
နှစ်ခြိုက်စွာပင်ပြုံးလိုက်မိသည်။"အခုအနားယူလိုက်ဦး လိုအပ်တာရှိရင်နာနီ့ကိုမေးလိုက်နော် ကျွန်မအစည်းဝေးရှိသေးလို့ပြီးတာနဲ့ပြန်လာခဲ့မယ် ဒယ်ဒီကဒီအချိန်ပြန်မရောက်သေးဘူး ဒါလင်လွတ်လွတ်လပ်လပ်သာနေနော်"
"ညစာစားဖို့ကျွန်မစောင့်နေမယ်နော် လီလီ"
ဒါလင်ကိုနေးပြုံးပြလိုက်ပြီးကားရှေ့ကိုရောက်တာနဲ့ထိုအပြုံးတွေကပျောက်ကွယ်သွားရသည်။
"တီရှာ ရှေ့နေနဲ့အတူစာရွက်စာတမ်းတွေပါ
ယူပြီးစိန်မေရီဆေးရုံကိုလာခဲ့ အဲ့မှာတွေ့မယ်"နေးရဲ့ချစ်ရသူကိုနာကျင်အောင်လုပ်ထားပြီးအေးဆေးနေလို့ရမယ်ထင်လား၊အဲ့ဒီလူကဒါလင့်ရဲ့အဖေဖြစ်နေရင်တောင်နေးခွင့်မလွှတ်နိုင်ဘူး။
"ဆေးရုံအုပ်ရုံးခန်းထဲကိုချိန်းဆိုထားတာမရှိရင်အခုလိုလက်လွတ်စပယ်၀င်လို့မရပါဘူး မဒမ်"
"ဟုတ်လား မင်းတားရဲရင်ငါ့ကိုတားလိုက်လေ"
တစ်ဖက်ကအတွင်းရေမှူးမှာနေးရဲ့
အကြည့်စူးစူးတွေကြောင့်တုန်ရီနေပြီ။"ကျွန်မမတားရဲပါဘူးရှင် ဒါပေမဲ့
ကျွန်မအလုပ်ပြုတ်သွားနိုင်လို့ပါ"နေးဇွတ်တိုး၀င်တော့ထိုမိန်းကလေးပြောလာတဲ့စကားတွေကသူ့အတွက်ဟာသတစ်ပုဒ်လိုပင်။
"မဒမ် ကျွန်မကိုအခက်တွေ့အောင်မလုပ်ပါနဲ့
မဟုတ်ရင် လုံခြုံရေးခေါ်ပြီးဆွဲထုတ်ရလိမ့်မယ်""မင်းသိထားဖို့ကအခုလက်ရှိဆေးရုံပိုင်ရှင်ကငါနော် မင်းကိုဘယ်နေရာမှာမှအလုပ်မရအောင်လုပ်နိုင်တဲ့လူပဲ ဘာပြောချင်သေးလဲ"
![](https://img.wattpad.com/cover/335776770-288-k438769.jpg)
YOU ARE READING
SHE ( Sevlin Nattalie )
RomanceSevlin Nattalie + Rosalie Shinno GL Fiction ( own creation ) #IngyinMay