Unicode
အခန်းထောင့်ကပန်းချီးကားတစ်ခုဆီအကြည့်ရောက်သွားတော့ရှင်းနိုမျက်ရည်တွေဝဲတက်လာခဲ့သည်။
ဒါပန်းချီကားမှမဟုတ်တာ!
ဒါကရှင်းနိုရဲ့ပုံတွေကို တစ်စုတစ်စည်းထဲ
ဖြစ်အောင်လုပ်ပြီး ဘောင်ခတ်ထားတာပဲ !ပုံတစ်ခုကိုအကြည့်ရောက်တော့ပြီးခဲ့တဲ့အဖြစ်ပျက်တွေဆီရှင်းနိုပြန်ရောက်သွားရသည်။
"ဒေါက်တာ မပြုံးပါနဲ့လား
ကျွန်မနှလုံးသားလေးက
ဒေါက်တာ့ရဲ့အပြုံးမှာခံနိုင်ရည်မရှိလို့""ဒီမှာ Mrs.Sevlin ကျွန်မကို
အဲ့လိုတွေလာမပြောပါနဲ့""ဘာလို့လဲ၊ကျွန်မကိုဒေါက်တာ
ချစ်မိသွားမှာကြောက်လို့လား""အို....မဟုတ်တာ"
"ကျွန်မကိုမချစ်လည်းရတယ်
မုန်းလို့လည်းဖြစ်တယ် ဒါပေမဲ့
လျစ်လျူရှုလို့တော့မရဘူးနော်"ထိုနေ့တုန်းကရှင်းနိုမှာဆေးရုံကအလုပ်သင်ဂျူနီယာဆရာ၀န်လေးတွေနဲ့အလုပ်ပြီးတော့စကားပြောကြရင်းကလေးတွေကခပ်နောက်နောက်ရယ်မို့ရယ်နေရတာပါးစပ်ပင်မစိနိုင်၊အဲ့ဒီတုန်းကရှင်းနိုတကယ်ကိုပေါ့ပေါ့ပါးပါးပြုံးရယ်နေမိခဲ့တာ၊ဒီဓာတ်ပုံကိုရှင်းနိုသေချာမှတ်မိတယ်။
နောက်တော့ဘယ်ကရောက်လာမှန်းမသိတဲ့နေးကသူမကိုအဲ့လိုရိသဲ့သဲ့စကားတွေလာပြီးပြောနေတာကြောင့်အော်ထုတ်လိုက်ရသေးသည်။
သူဘယ်ချိန်တည်းကရှင်းနိုကိုဒီလိုမျိုးတွေ
လိုက်ပြီးတော့လျှောက်ရိုက်နေခဲ့တာပါလိမ့်?ရှင်းနိုမျက်၀န်းထဲစိုစွတ်နေတဲ့မျက်ရည်တွေကိုလက်ဖမိုးနဲ့ပွတ်သုတ်ပစ်လိုက်၏။ရှင်းနိုတကယ်အမှန်ပင်အံ့ဩသွားတာ၊နေးကသူမကိုချစ်တာကြောင့်ပျော်လည်းပျော်မိသလိုတစ်ချိန်တည်းမှာပင်၀မ်းနည်းလာရပြီးမျက်ရည်တွေဝဲတက်လာခဲ့ရသည်။
ရှင်းနိုကကောသူမကိုအဲ့လောက်ထိချစ်နိုင်ပါ့မလား၊စေ့စပ်ပွဲကိစ္စကိုကောရှင်းနိုဘယ်လိုဖြေရှင်းရမည်နည်း၊ရှင်းနိုနဲ့သူမတွဲနေတာကိုကောဖေဖေကလက်ခံပါ့မလား။
YOU ARE READING
SHE ( Sevlin Nattalie )
RomanceSevlin Nattalie + Rosalie Shinno GL Fiction ( own creation ) #IngyinMay