Episode - 2

417 32 0
                                    

Unicode

' ရှင်းမေရီ ' ဆေးရုံအတွင်း၌လူနာတွေအပြင်
ဆရာ၀န်များစွာ‌ဖြင့်ရှုပ်ယှက်ခပ်နေကြသည်။

Accident ဖြစ်ပြီးရောက်လာတဲ့လူနာတစ်ချို့
ကြောင့်ဆရာ၀န်တွေပြေးလွှားရတော့သည်။

"ဒေါက်တာရိုဆာ
အရေးပေါ်မွေးလူနာပါလာတယ်"

လက်ထောက်ဆရာ၀န်မလေးဂျိုးဆက်ကပင်
သူမဆီအပြေးရောက်လာကာပြောလေသည်။

"Operating room အသင့်ပြင်ထားလိုက်"

တစ်ဖက်ကကလေးလူနာကိုကုသရင်းသူမပြန်ပြောလိုက်သည်မှာအလွန်ကိုစမတ်ကျ၏။

" Dr. Rosalia Shinno "

သူမက ' ရှင်းမေရီ ' ဆေးရုံရဲ့
အထူးကုဆရာ၀န်တစ်ဦးဖြစ်သလို
ဆေးရုံအုပ်သမီးလည်းဖြစ်သည်။

"ဒေါက်တာကျွန်မကိုမကယ်နိုင်ရင်တောင်
ကျွန်မကလေးကိုတော့ကယ်တင်ပေးပါနော်"

"ကလေးကော၊ရှင်ပါဘာမှမဖြစ်စေရဘူး"

ရှင်းနိုကစကားကိုခပ်ပြတ်ပြတ်ပြောတတ်ပြီး
အလုပ်လုပ်ရာတွင်စေ့စပ်သေချာသည့်သူပင်။

Accident ကအလွန်ပြင်းထန်သည့်ပုံ၊
ဆေးရုံကိုရောက်လာသည့်လူကမနည်း။

"ကျွန်မအသင့်ဖြစ်နေပြီ ဒယ်ဒီ"

"ဒယ်ဒီစောင့်နေမယ် သမီး"

ဟုတ်တာပေါ့ ဒယ်ဒီ
သိပ်ကိုစောင့်နေသင့်တယ်မဟုတ်လား။

နေးလှောင်ပြုံးပြုံးရင်းတီရှာ့ကို
ကားထုတ်ရန်မျက်စပစ်လိုက်သည်။

‌ဆေးရုံ၀န်းထဲရောက်တဲ့အချိန်မှာ
နေးမျက်နှာကသိပ်မလန်းတော့။

‌ဆေးဝါးနံ့တွေကြောင့်သူမစိတ်ပျက်နေပြီ။

ဆေးရုံကောင်တာရှေ့တွင်
ပန်းခွေကြီးကိုင်ကာစောင့်နေသည့်
ကောင်လေးနှစ်ယောက်ကြောင့်
နေးပြန်ပြုံးနိုင်တော့သည်။

"Madam Sevlin Nattalie လား"

"ဟုတ်တယ် ကျွန်မပဲ"

"မဒမ်မှာထားတာဆိုရင်အားနာပင်မဲ့
ဆေးရုံထဲပန်းခွေယူလာလို့မရပါဘူး"

ကောင်တာကဆရာမလေးဟာနေးကို
မျက်နှာငယ်လေးဖြင့်ပြောလာသည်။

SHE  ( Sevlin Nattalie )Donde viven las historias. Descúbrelo ahora