အမေးအဖြေ ကဏ္ဍ

647 50 6
                                    

interviewer : မင်္ဂလာပါခင်ဗျာ ။ အခု ကျွန်တော်တို့ ဒီ Midnight Cafe စာအုပ်လေးက ဒုတိယအကြိမ်ဖြစ်လာတဲ့အခါ ချစ်ခင်ပေးကြတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် အမေးအဖြေကဏ္ဍလေးကို တင်ဆက်ပေးဖို့ ရှိလာပါတယ် ။ မင်္ဂလာပါ တာနီခါဇဲစံ ၊ မင်္ဂလာပါ ရှင်းယ စံ ။

တာနီခါဇဲ : မင်္ဂလာပါ ။

ရှင်းယ : ဟုတ်ကဲ့ မင်္ဂလာပါ ( အနည်းငယ် စိတ်လှုပ်ရှား ၊ ခပ်မတ်မတ်ကလေးထိုင်)

interviewer : ကဲ အခု ကျွန်တော်တို့ အမေးအဖြေလေး စလိုက်ရအောင် ။ ပရိတ်သတ်က အစ်ကိုတို့နှစ်ယောက်ကို သိချင်တာလေးတွေ မေးထားတာ ရှိပါတယ်ဗျ ။ ပထမဆုံး မေးခွန်းလေးက တာနီခါဇဲ စံ အနေနဲ့ ဘယ်ရာသီဥတုကို အကြိုက်ဆုံးပါလဲ တဲ့ ။

တာနီခါဇဲ : ရှင်းယ

interviewer : ?

ရှင်းယ : ???

ရှင်းယ : တာနီခါဇဲစံ... ရာ...ရာသီဥတုကိုမေးနေတာလေ ။

တာနီခါဇဲ : အင်း ။ ကိုယ်သိတယ်လေ ။ ကိုယ့်အတွက်က ဘယ်ရာသီဥတုဖြစ်ဖြစ် ရှင်းယ ရှိတဲ့ ရာသီဥတုဖြစ်ဖို့လိုတယ် ။ ( ယုံကြည်ချက်အပြည့်နဲ့ ဖြေ)

ရှင်းယ : ( မျက်နှာရဲသွား )

interviewer : အာ....  အဟားဟားဟား ။ ဒါပေါ့ ဒါပေါ့ အမှန်ကန်ဆုံး အဖြေပါပဲဗျာ အဟားဟားဟား ။ ကဲ ဒုတိယမေးခွန်းလေး သွားရအောင် ။ ရှင်းယ စံ က နေ့ခင်းတွေလည်း ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်နဲ့ ညကျတော့လည်း Midnight Cafe ဖွင့်ရသေးတယ်ဆိုတော့ အိပ်ချိန်တွေနည်းပြီး လူအရမ်းပင်ပန်းနေမလားဆိုပြီး ပရိသတ်က စိတ်ပူနေတာလေး ရှိပါတယ်တဲ့ ဒါကြောင့် ရှင်းယ စံရဲ့ အချိန်ကို ကိုင်တွယ်ပုံလေး သိချင်ပါတယ်တဲ့ ။

ရှင်းယ : အာ...  ဟုတ်ကဲ့ ဒီလိုပါ ။ ကျွန်တော်က နဂိုကတည်းကလည်း အိပ်ရင် လုံးဝ စိတ်ဒုံးဒုံးချပြီး အိပ်တတ်အောင် ကျင့်ထားတဲ့ သူမျိုးပါ ။ အဲဒါကြောင့် တစ်နာရီ အိပ်ရရင် တစ်နာရီအသေအချာ အိပ်ရေးဝပါတယ် ။ ညဘက်ကို ဆိုင်ဖွင့်စရာရှိတဲ့နေ့ဆို အစောပိုင်းမှာ တစ်ရေးအိပ်လေ့ရှိပါတယ် ။ အဲဒါကြောင့်လည်း ကျွန်တော့်နာရီမှာ ညကိုးနာရီကို alarm ပေးထားတာပါ ။ ပြီးတော့ အချိန်ကျတော့မှ ဆိုင်သွား ဆိုင်ပိတ်ချိန် ပြန်အိပ် အဲဒီလိုပါ ။ မနက်အချိန်အပိုင်းအလုပ်ကလည်း နေ့တိုင်းရယ်လို့တော့ မရှိပါဘူး ။ တစ်ပတ်မှာ ဘယ်ရက် ဘယ်ရက် ဆိုပြီး ချိန်ထားတာတွေလည်း ရှိပါတယ် ။ နောက်တစ်ခါ ကျွန်တော်က ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် အချိန်ရရင် ရသလိုလည်း အိပ်တတ်သေးတယ် ။  တခါတလေ အချိန်ကို ဆွဲဆန့်နိုင်တဲ့ တချို့သော မန္တာန်လေးတွေ ကူတာမျိုးလည်း ရှိတာပေါ့... အဟဲ... ဒါကြောင့် ကျွန်တော် အဆင်ပြေပါတယ်..  မပင်ပန်း....

Midnight Cafe (Unicode Version)Where stories live. Discover now