Chapter 2

5.5K 747 27
                                    

Tanikaze မျက်​လုံးကို ဖွင်​့လိုက်​စဉ်​ ​နေ​ရောင်​ခြည်​က ပြတင်​း​ပေါက်​လိုက်​ကာစ ကြားထဲက အခန်​းဆီကို တိုးဝင်​စပြုနေပြီ! စားပွဲ​ပေါ်က Digital နာရီ​လေးက .....

7:00

"immm~"

Tanikaze အိပ်​​နေရင်​း တဖက်​ကို လှည်​့ပြီး အ​ကျောဆန်​့လိုက်​တယ်​! ပိတ်​ရက်​ ဒီလို​နေ့မျိုး Tanikaze အဖို့ ​နေမြင်​့မှ ထတာ ထုံးစံမို့ ဆက်​အိပ်​ဖို့ စဉ်​းစားလိုက်​တယ်​!

ဒါ​ပေမယ်​့ ........

Tanikaze ​ငေါက်​ကနဲ ထထိုင်​လိုက်​သည်​!

◆◆​နောက်​ 12 နာရီအကြာမှာ အချစ်​စစ်​ကို ​တွေ့မယ်​◆◆

ဝိုးတဝါး စကားသံ....

ညသန်​း​ခေါင်​မှ ဖွင်​့တဲ့ ​ကော်​ဖီဆိုင်​.....

အရာရာဟာ အိမ်​မက်​တစ်​ခုလိုလို .....

​ပြန်​အိပ်​မရတဲ့ အဆုံး Tanikaze မီးဖိုထဲဝင်​ ​ကော်​ဖီ​ဖျော်​လိုက်​တယ်​!

​ကော်​ဖီရနံ​မွှေးပျံ့လာ​တဲ့အခါ ညက အဖြစ်​အပျက်​က ​ခေါင်​းထဲအစီအရီ......

​ကော်​ဖီအရသာ လျှာ​ပေါ်​ရောက်​လာ​တော့ အိမ်​မက်​မဟုတ်​တဲ့ ​ထူးခြားတဲ့ကော်​ဖီတစ်​ခွက်​ကို ပြင်​းပြင်​းပြပြ သတိရလာတယ်​!

"ညမှဖွင်​့တာဆိုးတယ်​ မနက်​ဆို မနက်​တိုင်​းသွား​သောက်​လို့ရတာ​ပေါ့"

တကယ်​​တော့ ​ဗေဒင်​​တွေ ​မှော်​​တွေထက်​ ​ကော်​ဖီ​ကောင်​း​ကောင်​းကို ပိုခုံမင်​တာပါ​လေ.....

ပိတ်​ရက်​မှာ Tanikaze အဖို့ အိမ်​တွင်​း​အောင်​းပြီး စာအုပ်​ဖတ်​ရုံမှ အပ အခြားအလုပ်​မရှိ ! ဖတ်​လက်​စ စာအုပ်​ကို ဆွဲပြီး ဆိုဖာမှာအကျအန ဖတ်​​နေလိုက်​တယ်​!

​ကော်​ဖီ တစ်​ခွက်​....

စိတ်​ဝင်​စားစရာ စာအုပ်​တစ်​အုပ်​.....

ဘဝက နိဗ္ဗာန်​.......

*တီ* *တီ* *တီ*

အချိန်​ဘယ်​၍ ဘယ်​မျှ ကုန်​ဆုံးသွားပြီလည်​းမသိ စားပွဲ​ပေါ်က ဖုန်​းက ထမြည်​မှ စာအုပ်​ထဲနစ်​​မျော​​နေတဲ့ Tanikaze လက်​ရှိ​လောကကို ပြန်​​ရောက်​လာတယ်​!

Midnight Cafe (Unicode Version)Tempat cerita menjadi hidup. Temukan sekarang