Chapter 10

2.9K 479 26
                                    

"ကိုယ်​ သူ့ရဲ့ အလုပ်​ပြီးတဲ့အခါ အားလပ်​ချိန်​အကုန်​လုံး​တောင်​းထား​ပေမယ်​့ တကယ်​​တော့ ညပွဲ ရုပ်​ရှင်​ကြည်​့ပြီး ပြန်​ခွင်​့​ပေးလိုက်​တာပါ ! တကယ်​က ကိုယ်​သူ့ကို မနက်​ထိအနားမှာ ​ခေါ်ထားချင်​ခဲ့​ပေမယ်​့လို့​ပေါ့ "

" မ....မနက်​အထိ...?"

တချိန်​လုံး တိတ်​ဆိတ်​ ငြိမ်​သက်​စွာ Tanikaze ​ပြောသမျှ နား​ထောင်​​နေခဲ့တဲ့ ​မှော်​ဆရာဆီက ပထမဆုံး အထိန်​့တလန်​့အသံ​သေး​သေး​လေး ထွက်​လာတယ်​ !

"Ho~ ဘာဖြစ်​လို့လဲ ? ချစ်​သူကို အနားမှာ တချိန်​လုံး ​ခေါ်ထားချင်​တာ အံ့သြစရာ​ကောင်​းလို့လား? မင်​း ချစ်​သူထားဖူးဘူးလား ​မှော်​ဆရာ​လေးရဲ့"

Tanikaze ရဲ့ ​လေသံဟာ မြူးကြွ​နေတယ်​ ! အ​မှောင်​ရိပ်​ကွယ်​က ​မှော်​ဆရာက​တော့ မနက်​ထိ ​ခေါ်ထားချင်​တယ်​ဆိုတဲ့ Tanikaze စကားရဲ့ အတိမ်​​အနက်​ကို ​တွေး​တော​နေ​သေးပုံရသည်​!

Tanikaze က​ လက်​ထဲက ​ကော်​ဖီကို တငုံခြင်​းအရသာခံ​သောက်​ရင်​း ည​နေက ချစ်​သူ​လေးနဲ့ အချိန်​​တွေကို အာရုံထဲ စားမြုံ့ပြန်​​နေပုံပဲ ! သူ့မျက်​နှာ ခပ်​တည်​တည်​က​တော့ အရင်​ကနဲ့မတူ ပြုံး​ယောင်​သန်​း​နေသလိုလို !

"မနက်​ထိ အနားမှာ ​​ခေါ်ထားချင်​တာဆို​တော့...."

​မှော်​ဆရာရဲ့ စကားသံတိုးတိုးက ​ရှေ့ဆက်​​မေးသင်​့ မ​မေးသင်​့ ချိန်​ဆ​နေသလိုပဲ ! စကားဟာ တို့လို့တန်​းလန်​းရပ်​တန်​့​နေတယ်​!

"မနက်​ထိ ​ခေါ်ထားချင်​တယ်​​လေ ! ညခင်​း ရုပ်​ရှင်​ကြည်​့ အိမ်​ပြန်​လာတဲ့ အခါ သူ့အိမ်​ဖြစ်​တဲ့ ​ဘေးကပ်​လျှက်​အခန်​းထဲ ဝင်​ခွင်​့မ​ပေးပဲ ကိုယ်​့အခန်​းထဲ ​ခေါ်လာမယ်​ ! သူနဲ့ အတူ ဘီယာ​သောက်​ချင်​​သောက်​မယ်​ ! အင်​း သူက​တော့ ဝိုင်​ချို​တွေ ပိုနှစ်​သက်​မှာပါ ! "

Tanikaze က နံ​ဘေးက နံရံဆီ​ငေးရင်​း သူ့ရဲ့ စိတ်​ကူးကို​ပြောပြ​နေတယ်​ ! သူ့ရဲ့ စိတ်​ကူးဆို​ပေမယ်​့ အခုပဲ သူဟာ အဲ့ဒိ့ စိတ်​ကူးထဲ ​ပျော်​ဝင်​​နေသလိုပဲ ! သူ့မျက်​လုံး​တွေက နံရံကို မြင်​​နေချင်​းမဟုတ်​ ဝိုင်​ချို​တွေ တခွက်​ပြီး တခွက်​ ​သောက်​​နေတဲ့ ရီ​ဝေ​ဝေ​ကောင်​​လေးတစ်​​ယောက်​ရဲ့ အပြုံးကိုမြင်​​ယောင်​​နေသလိုပင်​!

Midnight Cafe (Unicode Version)Onde histórias criam vida. Descubra agora