Bookmark

2K 262 74
                                    

အားလပ်ရက် တစ်နေ့ ။

ထာနီခါဇဲ တစ်ယောက် ဆိုဖာပေါ် လှဲရင်း စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျနေစဉ် ။

"ထာနီခါဇဲ စံ !!! ထာနီခါဇဲ စံ !!!"

စီကနဲ အော်သံနဲ့အတူ အနားကို ဝုန်းကနဲ ရောက်လာပြီး ပက်လက်အိပ်နေတဲ့ သူ့ကိုယ်ပေါ် ပစ်လှဲချလိုက်တဲ့ ပင်လယ်ပြာလေးကြောင့် ထာနီခါဇဲ ဗိုက်အောင့်သွားရတယ် ။

"အမလေး သေပါပြီဗျ !"

"ဟီး ဟီး နာသွားလား ?"

ရင်ခွင်ပေါ် မှောက်လျှက်သား ကောင်ပုစိက ပြုံးဖြဲဖြဲနဲ့ ။

ထာနီခါဇဲ ကိုယ်ကို တစ်ပတ်လှိမ့်ပြီး ပင်လယ်ပြာလေးကို ရင်ခွင်အောက် ဆွဲသွင်းလိုက်တယ် ။ ဆိုဖာကျဉ်းကျဉ်းကလေးပေါ်မှာ နှစ်ယောက်သားက မဆန့်မပြဲ နဲ့ ပူးကပ်စွာ ။

"အပြစ်ပေးရမယ် ! အလကားနေ ဗိုက်ပေါ်ခုန်တက်တဲ့အတွက်"

ခြွေချမိတဲ့ အနမ်းတွေက ဆောင်းရာသီ အစောပိုင်းသီးတဲ့ လိမ္မော်သီးလေးလိုပဲ ။ ချိုတယ် ။

" ထာနီခါဇဲ စံ"

" အင်း"

"ရေခူသွားကြည့်ရအောင်လေ!"

ဆိုင်းမဆင့် ဘုံမပါ ထပြောတဲ့ ရှင်းယ စကားကြောင့် ထာနီခါဇဲ မျက်ခုံးတွေပင့် သွားတယ် ။

"ရေခူ?"

"အင်း"

ရင်ခွင်ထဲက ရှင်းယရဲ့ အရောင်မတူတဲ့ မျက်ဝန်းတွေက တဖျတ်ဖျတ်လက်လို့ ။ မျက်ဝန်းများရဲ့ အကြည့်ကို မလွန်ဆန်နိုင်တဲ့ ထာနီခါဇဲတစ်ယောက် ရှင်းယ လက်ဆွဲကာ ရှီနဂါဝ အဏ္ဏဝါပြတိုက်သို့ တစ်ခေါက်ရောက်ခဲ့ပြန်တယ် ။ အားလပ်ရက်မို့ ပြတိုက်က လူစည်ကားလျှက် ။

ရှင်းယက ရောက်ရောက်ချင်း ရေခူပြခန်းကိုသာ တန်းပြေးတော့တယ် ။ မီးရောင်မှိန်မှိန်လေးနဲ့ ရေခူပြခန်းထဲက စလင်ဒါပုံ ဖန်ကန်တွေထဲမှာ ရေခူတွေဟာ ထက်အောက် စုန်ဆန် အေးဆေးစွာ ကူးခတ်သွားလာနေတယ် ။ ရှင်းယက သူ့ထုံးစံအတိုင်း ဖန်ကန်တွေရဲ့ မှန်သားပြင်ပေါ် နှာခေါင်းလေးပြားအောင် ဖိကပ်မိတော့မတတ် ရေခူတွေကို ငေးကြည့်နေတယ် ။

Midnight Cafe (Unicode Version)Where stories live. Discover now