Chapter 19 [Final]

5.2K 518 57
                                    

အခန်​းဝ ပြတင်​း​ပေါက်​က​နေ ည​နေ​စောင်​းကောင်​းကင်​ဆီကို Shinya ​အ​ကြောင်​းမဲ့ ငေး​မော​နေမိတယ်​ ! အပြာ​ရောင်​​ကောင်​းကင်​မှာ တိမ်​ဖြူ​တွေ လွင်​့လို့ ...

တိမ်​​တွေဟာ နီးလာသလိုလိုနဲ့ ​ဝေးသွားကြပြီး ပုံသဏ္ဍန်​အမျိုးမျိုးနဲ့ မပြီးဆုံးနိုင်​တဲ့ မျက်​လှည်​့ပွဲတစ်​ခုပြ​နေသလိုပဲ !

[ ကိုယ်​မျက်​လှည်​့ကို​တော့ မုန်​းတယ်​ ]

ရုတ်​တရက်​ နားထဲ ပြန်​ကြား​ယောင်​မိတဲ့ လူကြီးရဲ့ စကားသံ​​ကြောင်​့ Shinya ရင်​ထဲ စူးကနဲ နာကျင်​သွားတယ်​ !

မျက်​လှည်​့ကို မုန်​းတယ်​တဲ့လား ....

ရည်​ရွယ်​ပြီးလှည်​့စားခဲ့တာမျိုး မဟုတ်​သည်​့တိုင်​ လူကြီးကို နာကျင်​ဖွယ်​ရာ အမှတ်​တရ​တွေ ​ပေးခဲ့မိတဲ့အတွက်​နဲ့တင်​ Shinya နှလုံးသားဟာ တတိတိ​ကြေကွဲ​နေဆဲပင်​ !

တိမ်​ဖြူဖြူ​တွေ ...

မျက်​စိ​ရှေ့ကတိမ်​ဖြူ​တွေဟာ တခဏအတွင်​း လွင့်​့ပါးသွားကြသလို ရစ်​မူးဖွယ်​အချစ်​တစ်​ခုဟာလည်​း လွင့်​့ပါးသွားခဲ့​ပြီးပြီ ထင်​သည်​ ...

ဒါ​ပေမယ်​့ ...

"ဟင်​့အင်​း ... ကျွန်​​တော်​အချစ်​က​တော့ ထာဝရပါ Tanikaze san ~"

ဒီစကားဟာ သူ့နှုတ်​ဖျားက​နေ ထွက်​ကျသွားတဲ့အခါ ပြတင်​းကိုဖြတ်​ပြီး ငှက်​အသွင်​ပျံသန်​း၍ လူကြီးနားဆီ ​ရောက်​နိုင်​ရင်​​ကောင်​းရဲ့လို့ Shinya ​စိတ်​ကူးမိတယ်​ !

ပြန်​လှည်​့မကြည်​့​တော့တဲ့ လူကြီးရဲ့ ​ကျောပြင်​ဟာ Shinya အတွက်​ ​နောက်​ဆုံး ပန်​းချီကားတစ်​ချပ်​လိုပဲ ...

ဖြစ်​နိုင်​ရင်​ သူ အချိန်​​တွေကို အဲ့ဒီ့တဒင်္ကမှာ ရပ်​တန့်​့ထားခဲ့ချင်​မိတယ်​ ...

အဲ့ဒိ့အချိန်​ ...

လူကြီးရဲ့ ​ကျောပြင်​ကို မြင်​​နေရ​သေးတဲ့အချိန်​ ...

​အဲ့ဒီ့ အချိန်​က​လေးကို Shinya ညတိုင်​း အိမ်​မက်​မက်​​နေဆဲ ...

အိမ်​မက်​ကနိုးလာတိုင်​း ​အိမ်​မက်​ထဲ​တောင်​ ​ကျောခိုင်​းထားတဲ့ လူကြီးရဲ့ ​ကျောပြင်​​လေး ​​ပျောက်​ကွယ်​သွားမှာစိုးလို့ မျက်​လုံး​တွေ မဖွင်​့မိ​အောင်​ မှိတ်​ထားမိ​နေဆဲပင်​ ...

Midnight Cafe (Unicode Version)Onde histórias criam vida. Descubra agora