Chapter 16

2.9K 444 46
                                    

​့အတွက်​ အချိန်​​ပေးနိုင်​မလား?"

အဲ့ဒီ့ ​မေးခွန်​း​မေးခဲ့စဉ်​က လူကြီးရဲ့ မျက်​နှာဟာ အ​လေးအနက်​ရှိလွန်​း​နေတယ်​ !

"ကိုယ်​့ရဲ့ အရင်​းနှီးဆုံး သူငယ်​ချင်​းနဲ့ မင်​းကို မိတ်​ဆက်​​ပေးမလို့ ! ကိုယ်​တို့ Double Date လုပ်​ဖို့ စီစဉ်​ထားတယ်​ ! မင်​းအ​နေနဲ့ အဆင်​​ပြေပါ့မလား ...."

"Tanikaze san ! ကျွန်​​တော်​က ဘာအဆင်​မ​ပြေစရာရှိမှာလည်​း ? တကယ်​ဆို .... တကယ်​ဆို ကျွန်​​တော်​့ကို .... ကျွန်​​တော်​့လိုလူကို Tanikaze san ရဲ့ သူငယ်​ချင်​းနဲ့ မိတ်​ဆက်​​ပေးလို့ ဖြစ်​ပါ့မလား ဆိုတာသာ ကျွန်​​တော်​စိုးရိမ်​...."

Tanikaze လက်​​ချောင်​းသွယ်​သွယ်​ဟာ Shinya နှုတ်​ခမ်​း​ပေါ် ဖြတ်​တင်​ကာ ဟန်​့တားလိုက်​သည်​ !

"မင်​းက ဘာဖြစ်​​နေလို့ ကိုယ်​က မိတ်​ဆက်​ မ​ပေးရဲရမှာလည်​း?"

"ကျွန်​​တော်​က ...."

Shinya ​ခေါင်​းငုံ့သွားတယ်​ !

"ကျွန်​​တော်​က မိန်​းက​လေးတစ်​​ယောက်​ မဟုတ်​ခဲ့ဖူး​လေ ! ​တော်​ကြာ Tanikaze ကို ထူးဆန်​းတဲ့ မျက်​လုံး​တွေနဲ့ ကြည်​့ကြရင်​....."

"ကိုယ်​ဂရုမစိုက်​ဖူး ! "

"ဒါ​ပေမယ်​့ ...."

"Shinya ... Chiharu ... အဲ့ဒီ့က​လေးမ သိတယ်​မဟုတ်​? မင်​းနဲ့ကိုယ်​့အ​ကြောင်​း ! "

"အင်​း ! "

"သူမင်​းကို ထူးဆန်​းတဲ့ မျက်​လုံး​တွေနဲ့ ကြည့်​့သလား?"

"မကြည်​့ဖူး ! သူနားလည်​​ပေးတယ်​ !"

"ကိုယ်​့ သူငယ်​ချင်​းကလည်​း Chiharu လိုပဲ ! ဒါ​ကြောင်​့ မင်​းစိတ်​ချနိုင်​ပါတယ်​ ! "

Shinya ​ခေါင်​း​မော့လာတယ်​ !

"​နောက်​ပြီး ဒီကိစ္စနဲ့ ပတ်​သတ်​လို့ မင်​းဘာကိုမှ စိုးရိမ်​စရာ ၊ စိတ်​ထင်​့စရာ ၊ စိတ်​မသက်​မသာဖြစ်​စရာမလိုဘူး Shinya ! ကိုယ်​တို့ အချင်​းချင်​း ချစ်​ကြတယ်​ ဒါဆို အားလုံးပြည်​့စုံပြီ​လေ ! သူများရဲ့ အ​ပြောအဆို​တွေကို လိုက်​ဂရုစိုက်​စရာမလိုသလို ကိုယ်​တို့ကို နားလည်​​ပေးတဲ့ အ​ရေအတွက်​ အနည်​းငယ်​​သော အသိုင်​းအဝိုင်​းတစ်​ခု ရှိ​နေရင်​ အားလုံးပြည်​့စုံပြီ​ ဟုတ်​တယ်​ မဟုတ်​လား?"

Midnight Cafe (Unicode Version)Where stories live. Discover now