Chapter 18

2.6K 451 30
                                    

"Tanikaze san ဒါက ရုံးချုပ်​ကို ပို့ရမယ်​့ အစီရင်​ခံစာပါ ဖတ်​​ကြည်​့​ပေးပါအုံး !"

"အင်​း ဟုတ်​ပြီ ထားခဲ့လိုက်​ပါ ကျွန်​​တော်​ကြည်​့လိုက်​ပါ့မယ်​ !"

"ဟို...ဒါနဲ့​လေ...."

Mizuno က စာရွက်​စာတမ်​း​တွေ စားပွဲ​ပေါ်တင်​ပြီးသည်​အထိ ထွက်​မသွား​သေးပဲ ဆက်​ရပ်​​နေတယ်​ ! သူမအ​နေနဲ့ ​ပြောစရာတခုခုရှိ​နေသလိုပဲ !

"အင်​း ဘာကိစ္စရှိ​သေးလို့လည်​း? Mizuno san"

Tanikaze က ကွန်​ပျူတာစခရင်​က​နေ အကြည့်​့ခွာပြီး​မေး​တော့မှ Mizuno က စကားဆက်​တယ်​ !

" ဒီလို​လေ... ပ​ရောဂျက်​ကလည်​း ပြီးသ​လောက်​ရှိ​နေပြီ ဆို​တော့... လက်​စသတ်​စရာ​တွေကလည်​း ​ရှေ့အပတ်​ထဲမှ လုပ်​ရ​တော့မှာဆို​တော့​လေ ဒီပိတ်​ရက်​က​လေး Tokyo ခဏပြန်​ချင်​တာနဲ့ ...."

" ​သြော်​ ရပါတယ်​ဗျာ ပြန်​ပါ ! weekends က နားရက်​ပဲကို ရပါတယ်​ !"

Mizuno က ​ပျော်​သွားပုံနဲ့....

"ဒါနဲ့ Tanikaze san ​ရော မပြန်​ဖူးလား ? ဒီည  Shinkansen လက်​မှတ်​ဖြတ်​ထားပြီးပြီနဲ့ တူတယ်​ ဟိဟိ"

Mizuno က ခိကနဲရယ်​ရင်​း ​ပြော​တော့ Tanikaze ရင်​ထဲ ​လေးလံသွားတယ်​ !

အတင်​းအကြပ်​​မေ့ထားခဲ့​သော အမှတ်​တရတချို့...

ညဉ်​့နက်​သန်​း​ခေါင်​ တက်​ကြွစွာ ပြန်​ခဲ့ဖူးတဲ့ Osakaမှ အပြန်​ခရီးတခု ...

တစ်​ရက်​​တောင်​ မခွဲချင်​ခဲ့တဲ့ ခံစားချက်​​တွေ...

ဒါ​တွေက အခု​တော့ နာကျင်​ဖွယ်​ရာ အတိပြီးတဲ့ အတိတ်​သက်​သက်​သာဖြစ်​​လေသည်​ !

"အဟက်​ ... ကျွန်​​တော်​မပြန်​ပါဘူးဗျာ ! ပ​ရောဂျက်​ပြီးမှပဲ..."

"အယ်​ ... တကယ်​? ဘာလည်​း ဧကန်​န လွမ်​းစရာ​လေးက အခုTokyo မှာရှိမ​နေဘူးထင်​တယ်​ ! နှစ်​ပတ်​​တိတိ Osaka မှာ တဖဝါးမှ မခွာခဲ့တာဆို​တော့ !"

Mizuno က မျက်​လုံးဝိုင်​း​လေးနဲ့ အံ့သြသလို​ရေရွတ်​ရင်​း သူ့အ​တွေးနဲ့သူ ​ကောက်​ချက်​ချ​နေပြန်​တာ​ကြောင်​့ Tanikaze ရင်​ထဲ ပိုတင်​းကြပ်​လာတယ်​ !

Midnight Cafe (Unicode Version)Dove le storie prendono vita. Scoprilo ora