Chapter 17

2.4K 429 28
                                    

"မင်​း.....Shinya"

အဲ့ဒီ့အချိန်​က နာရီစက္ကန်​့တံဟာ ရပ်​တန်​့သွားပြီး ကမ႓ာဟာ ​နောက်​ပြန်​လည်​သွားသလိုပဲ !

ခပ်​မှိန်​မှိန်​ မီး​ရောင်​နဲ့ ချိုအီအီရနံ့​မွှေးပျံတဲ့ ​ကော်​ဖီဆိုင်​ခန်​း​လေးဟာ သုသာန်​ တစပြင်​လို ရုတ်​ချည်​းတိတ်​ဆိတ်​သွားတယ်​ !

Tanikaze မျက်​ဝန်​း စူးရှရှ​တွေ ....

အဲ့ဒီ့မျက်​ဝန်​း​တွေဟာ Shinya ကို ​ဖောက်​ထွက်​မတပ်​စိုက်​ကြည်​့​နေတယ်​ !

သူစကား​တွေ အများကြီး​ပြောချင်​​နေသလိုပဲ ! ဒါ​ပေမယ်​့ သူ့အသံ​တွေ ​ပျောက်​ဆုံး​နေတယ်​ ! Tanikaze ဟာ သူ့​ရှေ့မှာ ရပ်​​နေတဲ့ ဝတ်​ရုံအနက်​​ရောင်​နဲ့ ​မှော်​ဆရာဟာ Shinya ပါဆိုတာကို ယုံဖို့ သူ့ကိုသူ ဖိအား​ပေး​နေရဟန်​တူသည်​ !

"အဟက်​~"

​နောက်​ဆုံး​တော့ ရယ်​သံသဲ့သဲ့....

အဲ့ဒီ့ရယ်​သံဟာ Shinya အတွက်​ ​သေမိန်​့နဲ့ ဆင်​တူတယ်​ ! Shinya ရဲ့ ဒူး​တွေ​ကွေးညွှတ်​ချင်​လာတယ်​ ! ရင်​ထဲမှာ လူမသိသူမသိရှိခဲ့တဲ့ ​မျှော်​လင်​့ချက်​ ဖ​ယောင်​းတိုင်​​လေး ဟုတ်​ခနဲ ငြိမ်​းသွားသလိုပဲ !

"အဟက်​ဟက်​....ဟားဟားဟားဟား!!!!"

ညဉ်​့လယ်​က ရယ်​သံဟာ ​ခြောက်​ကပ်​လွန်​းလှတယ်​ !

"ဟားဟားဟားဟား~"

Tanikaze ရဲ့ ရယ်​သံဟာ ​ခြောက်​ကပ်​ အက်​ကွဲ​လွန်​းတယ်​ ! သူက လက်​ခုပ်​တ​ဖြောင်​း​ဖြောင်​းတီးရင်​းနဲ့ အားပါးတရ ရယ်​​မော​နေသည်​ !

"အဟက်​ ~"

သို့​ပေမယ်​့ သူ့မျက်​ဝန်​း​တွေ....

တခါမှ မမြင်​ဖူးခဲ့သလို အကြည်​့စူး​တွေနဲ့ ...

နာကျင်​​နေတဲ့ သားရဲတစ်​​ကောင်​ရဲ့အကြည်​့မျိုး ...

"သိပ်​ကို လှပတဲ့ ဇာတ်​လမ်​း​လေးပဲ Shinya "

"........."

"မင်​း သိပ်​ကို​တော်​ပါတယ်​ ! လှလှပပ သိုသိုဝှက်​ဝှက်​​လေးနဲ့ ကိုယ်​့ကို လှည်​့စားလိုက်​တာ ! Bravo~"

Midnight Cafe (Unicode Version)Where stories live. Discover now