အလွမ်းတွေနဲ့ထားခဲ့သူ...ကိုကို
Unicode
"ကိုကို ကိုကို မသွားပါနဲ့ ကိုကို သားကိုမထားခဲ့ပါနဲ့နော်"
အိမ်အောက်ထပ်ကို အော်ဟစ်တကြိးကျွန်တော်ပြေးခဲ့မိတာပေါ့ ကိုကိုကလေ သိပ်ရက်စက်တာ ကျွန်တော့်ဘဝထဲရုတ်တရက်ဝင်လာပြိး ခုလဲရုတ်တရက် ထွက်ပြေးမယ်တဲ့လေ ကိုကိုလေ သိပ်နာကျည်းဖို့ကောင်းတယ် အဲ့ဒိနေ့ကိုသာကျွန်တော်ပြန်သွားလို့ရရင် ကျွန်တော် ကိုကို့ ကို ညကတည်းက သော့ပိတ်ထားခဲ့မိမလား ကျွန်တော်ဒိ့ထက်မြန်မြန်ပြေးဆင်းပြိ ကျွန်တော်တားခဲ့သင့်သလား . ကျွန်တော်လေ အဲ့နေ့က မြင်ခဲ့ရတာ ကိုကို ရဲ့အရိပ်ကလေး တက်သွားတဲ့အဲ့ကားကြိးရဲ့ နောက်ကျောကိုပေါ့
ဒိနေ့ဆိုရင် ကျွန်တော့် ဘဝထဲက ကိုကို ထွက်သွားတာ ၈ နှစ် ၅ လနဲ့ ၅ ရက်ရှိသွားပြိးဗျ သိလား ကိုကို့်ရဲ့ ကလေးလေးကျွန်တော်ဟာလည်း ခုဆို အရွယ်ရောက်လာပြိ ပြိးတော့
"ကျွန်တော် ရင့်ကျက်လာပါပြိ ကိုကို"
..........................လွန်ခဲ့သော ၉ နှစ်ခန့်
"မေမေ့ ရေ သားကို ဂိမ်းဆက်လေးအသစ်ဝယ်ပေးနော် ဒါကြိးက ဟောင်းနေပြိ ဆော့နေရင်း ရပ်ရပ်သွားတာ "
အသက်၁၁ နှစ်အရွယ်ကောင်လေးဟာ သူ့ဂိမ်းဆက်လေးကို လက်က ကိုင်ရင်း အလိုမကျသောမျက်နှာနှင့် သူ့အမေ့ကို ပူဆာနေလေရဲ့ သူ့ရဲ့ရှေ့စက်ဖြစ်လာမဲ့ အဲ့နေ့က သူ့ရဲ့ ကံကြမ္မာကို ကိုတောင် မသိရှာပဲပေါ့.....
"သားသား ကနေ့တိုင်းဆော့တာကို မေမေပြောသားပဲ အဲ့လောက်မဆော့ပါနဲ့ဆို ဒါဝယ်ထားတာတောင်ဘယ်လောက်ကြာသေးလို့လဲ သားကအသစ်ဝယ်ပေးလဲ ပျက်အောက်ကစား တာပဲ ကြာရင် ဟော့ဒိမျက်လုံးဝိုင်းပြူးပြူးလေးက. မွဲကုန်မယ် ကြားလား သဲတုန်းရဲ့"
ပါးကို ညစ်ကာ ရာယ်ကျဲကျဲ ပြောနေသော အမေဖြစ်သူရဲ့ လက်ကို ဖယ်ကာကလေးငယ်ဟာ ဖူးပွင့်ပွင့်နှုတ်ခမ်းလေးသားထော်၍သာ အလိုမကျမှုများရေရွတ်နေတော့သည်......
"မေမေ သားက ကြိးနေပါပြိ ကလေးလေးလို လုပ်နဲ့နော် မေမေရာယ်ဒိတစ်ခေါက်ဝယ်ပေးရင်သား ကောင်းကောင်းဆော့မယ် နော် မေမေ နော်"
YOU ARE READING
အသက်တမျှ ကိုကို (You are my soul) (Unicode + Zawgyi)
RomanceSlow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤