မမြင်နိုင်တဲ့ ကံတရားကိုစူးစမ်နေမိတာ ကျွန်တော်ရူးနေလို့များလားဗျာ.......
Unicode
ဘာရာယ်မဟုတ်ပဲ ရေခဲချောင်းလေးတွေတွေ့ရင် ကိုိကို့ကိုသတိရတယ် ပြိးတော့စက်ဘိးလှလှလေးတွေပေါ့......
ဒိနေ့တော့ရုံးဖွင့်လို့သွားဖို့ပြင်ရတော့မယ်လေ ကလေးတုန်းကဆိုးခဲ့တဲ့သူဟာ ဖေဖေမရှိတော့ကတည်းက. တော်တော်ကိုပြောင်းလဲယူခဲ့ရတယ် မေမေနဲ့တော့ ခွဲနေတယ်ဆိုတာက. တိုက်ခန်းလေးက အလုပ်နဲ့ပိုနိးတာရာယ်ကြောင့်ပါ.... ဖေဖေဆုံးပြိးတာနဲ့ အခြေအနေတွေက. ရုတ်တရက်ပြောင်းလဲခဲ့တာတွေ သူဘယ်လောက်အဲ့တုန်းက ကိုကို့ ကိုလွမ်းလဲဆိုတာ ကိုကို့ကိုတွေ့ရင် ပြောပြချင်လိုက်တာနော်...
"ရဲသွေး ေစာတယ်နော် ဒိနေ့"
"ဟုတ်ကဲ့ ကိုတေဇ. အစ်ကို့ကိုမေးစရာလေးလည်းရှိလို့ပါ"
" အစ်ကိုဖော့ကို ပြန်မေးကြည့်ထားတယ် သိလားရဲသွေး လိပ်စာအတိအကျကိုတော့အရမ်းမမျှော်လင့်စေချင်ဘူး ကြည့်ရတာ ကလောကိုပြန်ရောက်နေတာလည်းဖြစ်နိုင်တယ်"
"ဘာလို့လဲ အစ်ကို"
" ဖော့ပြောတာက အဲ့နားက ရွာတွေကမနှစ်ကရာသိဉတုကြောင့် ေပြာင်းတဲ့သူတွေ များတယ်တဲ့ ပြိးတော့ အစ်ကိုထင်တာ သူပြောင်းသွားတာက အပြိးအပိုင်သဘောမဟုတ်ဘူးတဲ့ ဖော့ပြောတာ ပေါ့ပေါ့ ပါးပါးလေးတွေ သယ်တာတဲ့ အရင်က ခင်ခဲ့လို့ ဖော့က နည်းနည်းသေချာမှတ်မိနေတာထင်ပါရဲ့"
"အဲ့တာဆို ကိုကို က ကလောမှာဖြစ်နိုင်တယ်ပေါ့"
"အွန်း အစ်ကို တော့မသေချာလို့ မပြောဖို့လုပ်ထားပေမယ့်လေ ရဲသွေးပြတဲ့ ဓာတ်ပုံထဲကလူကို အမျိုးတစ်ယောက်ရဲ့ မဂ်လာဆောင်မှာတွေ့လိုက်တယ်တဲ့ ဖော့ကမြင်တာတော့မဟုတ်ဘူး အစ်ကို့ အကိုတစ်ဝမ်းကွဲက. ဖော့စိကဓာတ်ပုံထဲက. လူကိုမြင်ဖူးတယ်လို့ပြောတာတဲ့"
"ဒါဆို ကိုကိုက...."
"ဒါပေမယ့် အရမ်းတော့ မမျှော်လင့်စေချင်ဘူး ရဲသွေး"
"ကျွန်တော်နားလည် ပါတယ်အစ်ကို"
ဘာလို့များလည်းကိုကို ရာယ် တစ်ကြိမ်လောက်လေးပဲဖြစ်ဖြစ် ကျွန်တော့်ကို လာတွေ့လို့ရပါလျက်နဲ့ကိုကိုရာယ် ကျွန်တော်နားမလည်တော့ဘူး မွန်းကြပ်လာပြိ.......
..............
VOCÊ ESTÁ LENDO
အသက်တမျှ ကိုကို (You are my soul) (Unicode + Zawgyi)
RomanceSlow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤