Part10

351 11 10
                                    

Trust me my dear........

Unicode

ညနေခင်းတုန်းက အဖြစ်အပျက်တွေကြောင့်အိမ်တော်ကြိးထဲ၌  ရာသီဉတုမကောင်းပါ  အကြောင်းမှာ  နန်းလင်းသခင်က တွေ့သမျှ လူတိုင်းကို  စိတ်အလိုမကျစွာ ငေါက်ငမ်းနေလိုပင်ဖြစ်သည်   .........

" သခင်လေးရာယ် ဒါလေးတော့သောက်လိုက်ပါနော်  မခါးဘူးရာယ်သောက်ကြည့်နော်"

" ခါးတယ်  ဒီလောက်ခါးတာ ခွန်းမသောက်ချင်ဘူး"

" သခင်လေးဖျားနေတာ တစ်ပတ်ရှိပြိလေ ဒီနေ့မှ နည်းနည်း လန်းလာတာ သောက်ပါနော်  သခင်လေးရာယ်"

" ခွန်း သက်သာပြိ  မယ်မယ်တို့ဆီသွားမယ် နော် ဒါတွေ မသောက်ချင်ဘူး  လို့ "

အထိန်းတော်တွေမှာ  မျက်နှာငယ်လေးများနှင့် အတင်းတောင်းဆိုနေသော်လည်း အိမ်တော်ရဲ့ အငယ်ဆုံး သခင်လေးမှာ  ကလေးဆိုးလေးဖြစ်၍ ငြင်းဆန်မြဲသာငြင်းဆန်နေသည် သခင်မလေးက.  ညနေတိုင်း မောင်ဖြစ်သူရဲ့ အခြေအနေကိုလာကြည့်တတ်သူဖြစ်သည်  ဆေးမသောက်ထားမှန်းသာ သိရင် သခင်မလေး၏ဒေါသတို့မှာ မည်သူမှ ထိန်းနိုင်မည်မဟုတ်
ခြေ......

်" သခင်လေး ဟိုလေ  ဒီဆေးလေးသောက်ပြီးရင် မယ်မယ်တို့ဆီလိုက်ပို့မှာမို့  ဒါလေးကုန်အောင်သောက်လိုက်နော် "

" ခွန်းက သောက်ချင်ပါတယ်  ဒါမဲ့ဆေးကြိးက အရမ်းခါးတာ ခွန်းသောက်လို့ မ
ဝင်ဘူး "

" စိုင်းခွန်းသခင်"

" မမ "
"သခင်မလေး"

" နင်အခုထိ ဆေးမသောက်ရသေးပြန်ဘူးလားဟမ်"

" မမ ခွန်းကလေ"

" အခုထိ ကလေးလို လုပ်မနေနဲ့  စိုင်းခွန်းသခင် ဒီဆေးလေးတောင်အဖြစ်ရှိအောင် မသောက်နိုင်ရင် နင့်ကို အိမ်တော်က ဘယ်လိုအားကိုးရမှာလဲဟမ်"

" ခွန်းဆေး တွေက ခါးတယ်မမ"

"အေး  ငါ့ကြိမ်လုံးကတော့ချိုတယ်  မြည်းကြည့်မလား"

" မမနော်  ခွန်းကလေးမဟုတ်တော့ဘူး  မရိုက်ပါနဲ့ "

"  သခင်မလေး  ခွန်းလေးက နေမကောင်းလို့နည်းနည်းစိတ်အဆင်မပြေရုံပါ ရိုက်တော့မရိုက်ပါနဲ့နော်"

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Wo Geschichten leben. Entdecke jetzt