Part 2

1K 31 6
                                    

အမှတ်မထင်မှ  အမှတ်တရများသို့.......

Unicode

ကျွန်တော်လေ ကိုကို့သတင်းကို ရှစ်နှစ်လုံးလုံးစောင့်လိုက်မျှော်လိုက်နဲ့  တကယ်ဆိုးတာက ကျွန်တော်က ဘာမှမလုပ်နိုင်သေးတဲ့ကလေးအရွယ်လေးဖြစ်နေခဲ့တာလေ  ကျွန်တော်အရမ်းညံ့တာပဲနော် ကိုကို ဟုတ်တယ်မလား  .......

ဒါပေမယ့်ကိိုကိုသိလားကျွန်တော်လေ လွန်ခဲ့တဲ့တစ်ပတ်က စာအုပ်တိုက်က အစ်ကိုတစ်ယောက်ကို ကိုကို့ပုံ ပြရင်းစကားစပ်မိရာက သူကလေ ကိုကို့ ကိုမြင်ဖူးတယ်တဲ့  ကိုကို ရှမ်းပြည်ဘက်မှာရှိနေတာဆို ဟုတ်လားကိုကို   ရက်စက်တယ်နော် ကျွန်တော့်ကိုအဆက်အသွယ်တောင်မလုပ်ဘူး  မုန်းချင်လိုက်တာ ကိုကို့ကို ဒါပေမယ့် မရဘူးသိလားဒိနှလုံးသားက မရတာ......

*မပူပါနဲ့ကိုကို  ကျွန်တော် ကိုကို့ကို လာတွေ့မှာပါ မကြာတော့ပါဘူး ....

...  ....... ........

အဲ့ဒိညက အရိပ်ကလေးကို ကျွန်တော့်ဘေးခန်းမှာ သိပ်ခဲ့တာပေါ့  မနက်ဖြန်ကိုမြန်မြန်ရောက်ချင်လိုက်တာ အရိပ်ကလေးကို ကျွန်တော် စကားတွေအများကြိးပြောချင်တာ.........

"ကို  ကလေးကို သူ့မိဘတွေအကြောင်းမပြောပြရသေးဘူးဆိုတော့ ဘယ်ချိန်လောက်စဉ်းစားထားလဲ "

"ကို  ပြောတော့ပြောမှာပါ  ဒါပေမယ့် သစ်ထူး လေးက အခုမှ စိတ်ဒဏ်ရာ မသေသေးတော့ ကိုစိတ်ပူနေသေးလို့.."

"ကို  နီတို့ပဲ မွေးစားရအောင်လေနော်...."

အသံအေးအေးလေးလေး  လေးနဲ့မေးလာသော ဇနိးလေးရဲ့မျက်နှာကို ဉိးသွေးခ တစ်ချက်ကြည့်ပြိး သနားစိတ်ဝင်လာတယ်.....
နီက accident ဖြစ်ပြိးသားအိမ်ထိခိုက်ထားလို့ သူ့အတွက် ကလေးထပ်မမွေးပေးနိုင်တာကို  ခုထိစိတ်မကောင်းဖြစ်နေသေးပုံ သူမကိုယ်တိုင်လည်း သားလေးအတွက် အဖော်လေးတစ်ယောက် မွေးပေးချင်ခဲ့တာ လေ.......

"နီ ကို့ ကိုကြည့် ကိုလေ ဘဝမှာ နီဒိလိုလေးကို့်ဘေးမှာရှိနေရုံတင်ပြည့်စုံပြိ  ကို့အတွက် ကလေးဆိုတာ နီမွေးထားတဲ့ သားလေးနဲ့တင်လုံလောက်ပါတယ် ဒိလိုပြောတာကို သစ်ထူးလေးကိုမချစ်လို့မဟုတ်ဘူးနော် သစ်ထူးဟာ သူ့ရဲ့ ကျန်ရစ်မိသားစုဆိ ပြန်သွားရမှာ အဲ့အချိန်ထိ ကိုတို့်က မေတ္တာ နဲ့ခိုလှုံခွင့် ယုယခွင့်လေးပေးရမှာလေ ဒါက ကိုတို့်တာဝန်  ဖြစ်နိုင်ရင်ကိုလည်း သစ်ထူးလေးကိုမွေးစားချင်တာပေါ့ ဒါပေမဲ့ ကိုတို့မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးလေ  နီရာယ်"....

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora