I miss you. more them live.....
Unicode
တစ်ပတ်ကြာသည်အထိ project တွေကြားခေါင်းမဖော်နိုင်အောင်လုံးပန်းခဲ့တယ် အိမ်ယာစိမံကိန်းတွေနဲ့အတူတူ အပန်းဖြေစခန်း project တွေပါ ပုံလာတာမို့ ဒိတလောရဲသွေးတို့ရုံးမှာမအားမလပ်နိုင်အောင်ပင်....
"ကိုရဲသွေး MG က ခေါ်နေတယ်ရှင့်"
"အော်ဟုတ် လာခဲ့မယ်ဗျ"
" MG ကျွန်တော့်ကိုခေါ်တယ်ဆို"
"အေး ရဲသွေးခန လာထိုင် Rayal. city အိမ်ယာprojectကော ဘယ်လိုနေလဲ "
"အဖွဲသားတွေ အကုန်ကြိုး စားနေကြတယ် MG ဒါမဲ့ တစ်ဖတ်က. တင်ဒါ ပြသနာတွေကြောင့်နည်းနည်းနှောင့်နေ နေတယ် MG ကျွန်တော့်က ဂျူနိယာပဲဆိုတော့ အရမ်းကြိး ရှေ့မရောက်တာတွေတော့ ရှိနေတယ် MG "
" အေးးးးးငါလည်း တင်ဒါ ပြသနာတော့ကြားတယ် ဒါမဲ့ လုပ်လက်စက ဇေပိုင်ကြည့်နေတယ်မလား အခုproject က"
"ဟုတ်ကဲ့ MG ကိုဇေပိုင်က. leader ယူထားတာပါ"
"ငါ မင်းကို အပန်းဖြေအိမ်ယာ project ထဲခနထည့်ပေးချင်လို့"
"ဗျာ...မဖြစ်နိုင်ဘူးထင်တယ်MG. ကျွန်တော့် မရှိရင် အဖွဲ့သားတွေဝင်ပိလာနိုင်တယ်MG"
အခုတောင်နားရက်မရှိ OT ဆင်းနေရတဲ့ Rayal city အဖွဲ့သားတွေ တစ်ယောက်လျော့တာနဲ့ သိသိသာသာ ပင်ပန်းလာမှာ ဆိုတာသူသိတာမို့် ချက်ချင်း ငြင်းဆိုမိတယ် သူကိုယ်တိုင်လည်း အဲ့projectကိုစိတ်နှစ်ထားတာမို့ တကယ်အရှိန်မလျော့ချင်တာလည်းပါပါတယ်
"အခု အပန်းဖြေစခန်းက. အရမ်းမကြာပဲ ပါတနာ ငယ်တွေ တောင်းထားလို့ ရဲသွေးရ. ပြိးတော့ငါ Rayal အဖွဲ့ထဲကို လူဖြည့်ပေးထားဖို့ရှိတယ် မင်းသွားတုန်း ငါဖြစ်စေချင်တာက. သူတို့ကလည်းယုံကြည်ရတဲ့ ပါတနာငယ်ပဲ လိုချင်တာလေ စိနိယာတန်းတွေဆိုလည်း ကလောက အဖွဲ့နဲ့တည့်မှာမဟုတ်လို့"
"ဒါမဲ့ ..ကျွန်တော်..ဗျာ ကလော ဟုတ်လားMG"
"အေး ဟုတ်တယ်လေ အပန်းဖြေစခန်းProjectက. ကလောမှာ သွားလုပ်ရမှာ အဲ့တာကြောင့် အဝေးဆိုတော့ပိုစိတ်ချတဲ့သူလိုချင်လို့ ငါမင်းကို ယုံလို့လွှတ်တာ ရဲသွေး"
VOUS LISEZ
အသက်တမျှ ကိုကို (You are my soul) (Unicode + Zawgyi)
Roman d'amourSlow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤
