You know it not the same as it was.....
Unicode
ကလောကိုသွားတဲ့ခရီးမှာ သူ့စိတ်တွေတစ်မိနစ်တောင်အငြိမ်မနေရပါ ဘက်ပေါင်းစုံကနေဝင်ရောက်လာတဲ့ အတွေးတွေနဲ့အတူ မေးခွန်းပေါင်းများစွာကိုပြန်လည်စဉ်းစားမိဆဲဖြစ်နေတုန့်းပါ အရေးကြိးတာက. ကိုကို့ ရဲ့လိပ်စာကိုသိရန်သာ သို့သော်ဒါက ကောက်ရိုးပုံထဲအပ်ရှာသလိုပဲလေ ဒါပေမယ့် ကောက်ရိုးပုံထဲမှာအပ်ရှိနေတယ်ဆိုတာကို အသေအချာသိရတော့ ကံကောင်းနေပါသေးတယ်.......
ကလောမြို့......
ကားပေါ်ကဆင်းဆင်းချင်း သူမျက်လုံးဝှေ့ပြိး ရှာကြည့်သည် လာကြိုဖို့လူလာလိမ့်မယ်လို့MG စိစဉ်ပေးခဲ့သောကြောင့် သေချာပေါက် တစ်ယောက်ယောက်တော့လာကြိုမှာပါလေ..
ထိုစဉ် ရုတ်တရက် အိတ်ကိုလာဆွဲသော လက်တစ်စုံ.........သူအစက ကြောင်ကြည့်နေသော်လည်း သတိပြန်ဝင်လာကာ
"ခင်ဗျား ဘာလုပ်တာလဲ"
".........." တစ်ဖက်လူမှာ တိတ်ဆိတ်စဲပင်
္"ကျွန်တော့်ကို သိလို့လား"
"လာကြိုတာလေ "
"ဘာ လာကြိုရင်လည်းအစောကတည်းကပြောလေ အိတ်ကိုလုစရာလား"
"ကျစ် စကားများတယ် အချိန်မရှိဘူး ပေးအိတ်"
တားချိန်မရလိုက်ခင်မှာပဲ ရုတ်တရက်အလုခံလိုက်ရသောအိတ်နဲ့အတူ လူကိုမစောင့်ပဲရှေ့ကထွက်သွားတဲ့ ထူးဆန်းဖွယ်ရာ ဤလူကိုသာ အကြောင်သားကြည့်နေမိတော့သည်.." ဟိတ် မင်းဒိနေ့လာကောလာအုံးမှာလား"
"ဘာလဲ ကားပေါ်ထိ မင်းကိုပါ ပွေ့ချီခဲ့ရမလား"" ဟမ်.....ဘာ ခင်ဗျားစကားကို ကြည့်ပြော"
"ငါ မျက်လုံးမမှိတ်ထားပါဘူး"
"ခင်ဗျား အရမ်းရန်ဖြစ်ချင်နေတာလား"
" ဖြစ်ချင်တယ် ရန်တော့မဟုတ်ဘူး"
"ဟာ......ဒီလူကတော့ "
လက်ပေါက်ကပ်လှတော့ ထိုလူနဲ့စကားဆက်မများချင်တော့သောကြောင့်ရဲသွေး ကားနေရာမသိသော်လည်းရှေ့ကသာ ခပ်သွက်သွက် ထွက်လာမိတော့သည်....." ရန်ကုန်စွာတေး ဘယ်ထိသွားမှာလည်း ဒီမှာကားက"
"ခင်ဗျား ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ"
ESTÁS LEYENDO
အသက်တမျှ ကိုကို (You are my soul) (Unicode + Zawgyi)
RomanceSlow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤