Part 21

869 89 6
                                    

Jungkook တို့ ဟာဝိုင်အီမှာ သုံးရက်ကနေ Taehyung တို့ပါရောက်လာတော့ ငါးရက်မျှကြာသွားသည်။ငါးရက်စလုံး ဟာဝိုင်အီတွင် နေရာအနှံ့ပျော်ပါးခဲ့ကြပြီး ကိုရီးယားကိုပြန်ဖို့အတွက် Seokjin ပစ္စည်းတွေကို luggage ထဲထည့်နေတုန်း ဖုန်း၀င်လာသည်။

"မောင်ရေ....ကိုကို့ဖုန်းလေးကိုင်ပေးပါဦး...မှန်တင်ခုံမှာရှေ့မှာ"

"ဟုတ်ကဲ့ ကိုကို"

"ဘယ်သူဆက်တာလဲ မောင်"

"ဂျွန်းနီဟျောင်းတဲ့..."

မောင်က Seokjin ကိုလှည့်ပြောပြီးတာနဲ့ ဖုန်းကိုင်လိုက်ကာ Seokjinဆီလာမပေးဘဲ သူ့ဘာသာပဲ ပြောလိုက်သည်။

"ဟယ်လို...ဆော့ဂျင်ရဲ့ယောကျာ်း ကျွန်တော် ဂျောင်ဂုစကားပြောနေပါတယ်"

"ဘယ်လို..."

"သိပြီ...မဟုတ်ရင်တောင် ကျွန်တော်တို့ဒီနေ့ပြန်လာမလို့ပဲ အဆင်သင့်သွားတာပေါ့"

"စိတ်ချပါ...ကိုကို ကျွန်တော့်နားမှာရှိနေသရွေ့ ခင်ဗျား စိတ်ပူပေးနေစရာမလိုပါဘူး"

အ၀တ်တွေထည့်နေရင်းနဲ့ Seokjin မောင့်ကို တချက်တချက် လှမ်းကြည့်တော့ Joonie hyung နဲ့ဘာတွေပြောနေကြသလဲမသိ။Seokjin အမြင်မမှားဘူးဆိုရင် မောင့်မျက်နှာက တစ်ခုခုကိုစိတ်ပူနေသလိုမျိုး။

"ဘာလှမ်းပြောတာလဲ မောင်"

Seokjin အနားကို မောင်ရောက်လာတော့ စောနလှမ်းမြင်သည့်အတိုင်းပင် မောင်ကမျက်နှာသိပ်မကောင်းသဖြင့် Seokjin ရင်ထဲထိတ်ခနဲဖြစ်သွားသည်။

"ကိုကို့အိမ်မှာ ကိုကို့ဖေဖေရောက်နေတယ်တဲ့"

"ဟင်..."

Seokjin ဟင် ခနဲသာ အသံပြုလိုက်နိုင်သည်။ဖေဖေက အခုချိန်ထိ Seokjin ကိုနားလည်ပေးနိုင်သေးတာမဟုတ်ဘူး။သူ့အစွဲတွေကို ရှေ့တန်းတင်နေတုန်းပင်။

"ကိုကို့"

Jungkook ကိုကို့လက်လေးကို ဆွဲယူပြီး ဆုပ်ကိုင်လိုက်သည်။အရင်တစ်ခါတုန်းကတော့ အမေ့ကျန်းမာရေးကြောင့်ဆိုပေမယ့် ဒီတစ်ခါမှာတော့ ကိုကိုတွေဝေသွားလို့မဖြစ်ပါ။ထို့ကြောင့် ဒီတစ်ခါမှာတော့ အတ္တကြီးစွာနဲ့ပဲ ကိုကို့ကို သူ့ဘက်ပါအောင် အစွမ်းကုန်ကြိုးစားရမည်။

Ex Rewind : From Breakup to Marriage { Completed }Where stories live. Discover now