"ဒါဆို မောင်တို့ ခိုးပြေးကြရအောင်"
မောင်ကတော့ အေးဆေးလေးပဲ ပြောလိုက်တာဖြစ်ပါသော်လည်း အပြောခံရသူ Seokjin အဖို့ ရုတ်တရက်ကြီး ရင်တွေ တဒိန်းဒိန်းခုန်လာသည်။ခိုးပြေးဖို့ စကားပြောတာတောင် ဆွဲဆောင်မှုအရမ်းရှိလွန်းနေတယ်ဟု ထင်မိသည်။
"ခိုးပြေးမယ် ပြောလိုက်တာလား မောင်"
"အင်းလေ...မောင်တို့တွေ ဘယ်သူ့ကိုမှအသိမပေးပဲ တစ်နေရာရာကို ထွက်သွားကြရအောင်...ပြီးရင် လက်ထပ်စာချုပ်အရင်ချုပ်ထားကြရအောင်...လက်ထပ်ပွဲကတော့ နောက်မှသပ်သပ်လုပ်မယ်"
"မောင့်မာမားတို့ကိုရော...လူကြီးတွေစိတ်ပူနေဦးမယ်ကွာ"
"ခိုးပြေးကြပါတယ်ဆိုမှ သူများတွေကိုအသိပေးလို့ ဘယ်ဖြစ်မလဲဗျာ...မာမားတို့ကတော့ ပြောစရာမလိုအောင် သဘောတူမှာမှန်းသိပေမယ့်...."
"သိပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ"
"မောင်က ခိုးပြေးရတဲ့အရသာကို ဘယ်လိုနေလဲ သိချင်လို့ ဟဲဟဲ..."
"ဟောဗျာ..."
"အတော်လေးစိတ်လှုပ်ရှားစရာကောင်းမှာပဲနော်...အခုတည်းက ရင်တွေတဒုန်းဒုန်း"
"ကိုကိုရောပဲ"
"ဘယ်ကိုသွားကြမလဲ ကိုကို"
"မောင်သွားချင်တဲ့နေရာ"
ထပ်တူကျနေပြီဖြစ်သော ရင်ခုန်သံစည်းချက်ညီညီနှင့်အတူ ကားလေးကလည်း ဘီးလေးရွေ့ကာ စတင်ရွေ့လျားလာသည်။နှစ်တွေများစွာ ချစ်လာခဲ့ကြသော်လည်း အချိန်ကြာလာလို့ ရင်ခုန်သံတွေအေးစက်လာတယ်ဆိုတာ Jeon Jungkook နှင့် Kim Seokjin တို့ အဘိဓာန်မှာ အရိပ်ယောင်တောင်မရှိစေရ။အချိန်တွေကုန်သွားတာနဲ့အမျှ ရင်ခုန်သံတွေကပိုမိုမြန်ဆန်လာပြီး အနမ်းတွေကလည်း ပိုမိုချိုမြိန်လာဦးမှာပဲဖြစ်သည်။
>>>>>>>>>>
"ဖေကြီးသားကိုတော့လေ တကယ်မနိုင်တော့ဘူး...မသိရင် ကျွန်မတို့က သဘောမတူတာကျနေတာပဲ...သူများသားကို တင်တောင်းမယ်မတွေးပဲ ခိုးပြေးရသတဲ့လား"
သားငယ်လေး၏လုပ်ရပ်ကို ဒေါ်ဟန်မီမှာ ရင်ဘတ်တဖိဖိနှင့် အံ့ဩ၍မဆုံးနိုင်တော့။ညကအိမ်မပြန်လာသဖြင့် သားသားဆီမှာအိပ်နေလားလို့ သားသားကိုဖုန်းလှမ်းဆက်တော့လည်း ဖုန်းမကိုင်။သားငယ်လေးကို ဖုန်းလှမ်းဆက်တော့လည်း ဖုန်းမကိုင်သဖြင့် စောစောစီးစီး စိတ်ပူနေကြရတာဖြစ်သည်။ခနကြာတော့ ဖုန်းထဲကို သားငယ်လေး ဖုန်းနံပါတ်မှနေ စာ၀င်လာ၏။
STAI LEGGENDO
Ex Rewind : From Breakup to Marriage { Completed }
Fanfictionငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ...?