*{ flash back part }*
"မောင့်"
"ဗျာ"
"အခုတစ်လော ဖေ့စ်ဘွတ်ခ်မှာ ဖောက်ပြန်တဲ့သတင်းတွေပဲ တက်နေတယ်...တွေ့မိလား"
"မောင် အခုတလော အလုပ်များတာနဲ့ လိုင်းတောင်သိပ်မသုံးဖြစ်ပါဘူး ကိုကိုရယ်....ဘယ်လို ဖောက်ပြန်တဲ့သတင်းတွေတက်တာလဲ"
"မျိုးစုံပါပဲ မောင်ရယ်...ကိုကိုတော့ နှစ်အရှည်ကြီးတွဲပြီးမှ ပြတ်ကြတဲ့ အတွဲတွေကို သူတို့အစား ကြားထဲကနှမြောနေတာ"
"ကိုကိုကလည်း ကိုယ်နဲ့မဆိုင်တာတွေ လိုက်မခံစားနေပါနဲ့...အဲ့ဒီအစားက မောင်က အများကြီးပိုချစ်ပေးမာ်လေနော်"
"ဟုတ်ပါပြီဗျာ..."
"တစ်လောကလုံးမှာ မောင်က ကိုကို့ကိုအချစ်ဆုံးပဲ..ကိုကို့ကိုအချစ်ပေးနိုင်ဆုံးကလည်း မောင်တယောက်ပဲရှိတယ်...ဘယ်သူတွေနဲ့ယှဉ်ယှဉ် မောင့်ကိုမမှီအောင် မောင်ကချစ်ပေးမှာ"
ဒီလိုစကားမျိုးတွေက နှစ်ပေါင်းများစွာ မကြာခဏကြားနေကြစကားဖြစ်သော်လည်း Seokjinအတွက်တော့ ကြားရတဲ့အချိန်တိုင်း ရင်ထဲသိမ့်ခနဲပဲ။ မောင်ကအပြောပဲ ချစ်ပြခြင်းမဟုတ်။လက်တွေ့မှာလည်း အပြောထက်ပင် ပိုပိုသာသာချစ်ပြသည်။Seokjin မှာစိတ်ညစ်စရာရှိရင် စိတ်ညစ်တယ်လို့ ဖွင့်ပြောစရာမလိုခင်မှာပဲ Seokjin စိတ်ကို သေချာတိကျစွာဖတ်တတ်သည်။
ချစ်ခဲ့ကြတာ ဘယ်လောက်ပဲကြာကြာ အမြဲတမ်းအရိပ်တခြည်ခြည်ဖြင့် ပဲ့ကြွေသွားတော့မည့် ပွင့်ဖတ်လေးလို Seokjinကို လူရောစိတ်ပါ ဂရုတစိုက်စောင့်ကြည့်ရသည်ကိုက Jungkook ၏အကျွမ်းကျင်ဆုံးနဲ့ မငြီးငွေ့နိုင်သော အကျင့်တစ်ခု။အချိန်တွေကြာသွားလည်း ငြီးငွေ့သွားခြင်းဆိုတဲ့ စကားက သူတို့နှစ်ဦးကြား တိုး၀င်လို့တောင်မရခဲ့။
အလုပ်ကိုယ်စီနဲ့မလို့ ပိတ်ရက်မှသာ အေးဆေးတွေ့ဖြစ်ကြသည်မလို့ ဒီတပတ်အားလပ်ရက်မှာ ဟန်မြစ်ဘေးမှာ နှစ်ယောက်သား အေးအေးဆေးဆေး အချိန်ကုန်ဆုံးနေကြခြင်းဖြစ်သည်။တပတ်တာရဲ့ ကြုံသမျှ ဆုံသမျှ ဖြစ်ပျက်သမျှကို အချင်းချင်းအသိပေးဖလှယ်ကြရင်း စကားဝိုင်းက Facebook ပေါ်က ဖောက်ပြန်ရေးတွေအထိပါရောက်လာခြင်းဖြစ်သည်။သူများအကြောင်းပြောရင်းနဲ့ စိတ်မကောင်းဖြစ်နေသော Seokjin ကို Jungkook ရင်ခွင်ထဲဆွဲပွေ့ကာ အာရုံလွှဲပေးလိုက်ရသည်။
KAMU SEDANG MEMBACA
Ex Rewind : From Breakup to Marriage { Completed }
Fiksi Penggemarငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ...?