စကားအများကြီးပြောချင်နေလို့ စာရှည်သွားရင် သွေ့ပုကျီ၊ (ဒါလေးကို ဖတ်ပေးသွားကြရင် အရမ်းပျော်မိမှာပဲ အွီးးး) (◕દ◕)
အရင်ဦးဆုံး Ongoing လိုက်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို ပိုနီက ကျေးဇူးများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။တကယ်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်တာပါ။
ပိုနီ ဒါကို စရေးတော့ ဘယ်သူတွေများလာဖတ်ကြမလဲဆိုပြီး အရမ်းတော့ မမျှော်လင့်ပေမယ့် စိတ်တော့လှုပ်ရှားမိသား။update တင်ပြီးပြီးချင်းမှာ ပိုနီ့ fb accမှာ လင့်လေး အရင်တင်လိုက်တယ်။အဲ့ဒီမှာ တင်တာတွေ့ပြီး လာဖတ်ကြသူတွေရှိသလို ပိုနီနဲ့ fri မဟုတ်တာတောင် တစ်နေရာရာကနေသိပြီး လာဖတ်ကြတဲ့ လူတွေလည်းရှိပါတယ်။
ငယ်ငယ်တည်းက ပိုနီက စာရေးဆရာမဖြစ်ချင်ခဲ့တာပါ။အဲ့တာက အဓိကဝါသနာမဟုတ်ခဲ့ပေမယ့် စိတ်အားထက်သန်တဲ့ ဝါသနာတွေထဲက တစ်ခုပါပဲ။နောက်ပြီး ပိုနီက နောက်2 နှစ်ကြာပြီးရင် oversea မှာကျောင်းသွားတက်ဖို့ အခုတည်းက ပြင်ဆင်နေတာဆိုတော့ စာတစ်ဖက်နဲ့မလို့ အချိန်လည်းသိပ်မရှိပါဘူး။ဒါပေမယ့် fanfic တစ်ပုဒ်လောက်ကိုတော့ အပြီးအစီးရေးဖူးချင်တယ်ဆိုပြီး အမြဲတွေးနေခဲ့တာ။မနှစ်တုန်းကလို social မှာ active မဖြစ်နိုင်တော့တာလည်း (ဒီထဲမှာ ပိုနီ့အကောင့်ထဲက ဖရန့်တွေရှိပါတယ်။)သတိထားမိကြမယ့် လူတွေပါတယ်ဆိုရင် သူတို့အသိပါပဲ။
ဆိုတော့ အချိန်လည်းအရမ်းမပေးနိုင်၊ fic ကိုလည်းအရမ်းရေးချင်နေတော့ ပိုနီက ဒါကို ရေချိုး၊ထမင်းစား၊တကိုယ်ရည်တကာယ ဝေယျာ၀စ္စလုပ်နေချိန်တွေမှာ ခေါင်းထဲစာစီထားပြီး အားတဲ့အချိန် ကောက်ရေးလိုက်တာ။အဲ့ဒီတော့ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။သေချာမစဉ်းစားနိုင်ပဲ ပြီးစလွယ်လုပ်ထားမိတဲ့ နေရာတွေလည်း ရှိချင်ရှိလိမ့်မယ်။အဲ့ဒီအတွက်လည်း တကယ်အများကြီးအားနာရပါတယ်။
ရှေ့မှာ ပြောခဲ့သလို ပိုနီက အရမ်းမမျှော်လင့်ထားတဲ့အတွက် တကယ်တမ်းလာဖတ်ကြတဲ့အခါမှာ ပျော်လိုက်တာ စကားလုံးနဲ့တောင် ဖော်ပြလို့တောင်မရဘူး။ကိုယ့်ကိုယ်ကို ယုံကြည်ချက်သိပ်မရှိလို့ တပိုင်းတင်ပြီးတာနဲ့ တွေးမိတာကလေ 'အစပိုင်းမလို့များ လာဖတ်ကြတာလား...နောက်ပိုင်းတွေထိ ဖတ်ပါ့မလား' ဆိုပြီး တွေးမိတာ။ နောက်အပိုင်းတွေကျ လာမဖတ်တော့မှာ စိတ်ပူတာမျိုးမဟုတ်ပေမယ့် ဘယ်လိုပြောရမလဲ မထင်ထားမိတော့တာ။ မမျှော်လင့်ထားလောက်အောင်ပဲ နောက်ပိုင်းတွေပါ ဖတ်ပေးခဲ့ကြပြီး အခုလို အဆုံးထိလိုက်ပါလာတဲ့ လူတွေကို အများကြီးချစ်ပါတယ် တကယ်ပါ။
နောက်ပြီး အထူးကျေးဇူးတင်တာက မန့်လေးတွေ ၀င်ရေးပေးတဲ့ နီနီးလေးတို့ကိုပါ။စိတ်ညစ်စရာရှိရင် screenshot ရိုက်ထားတဲ့ comments တွေကို ပြန်ပြန်ကြည့်ပြီး ပြုံးဖြစ်တယ်။ပိုနီ့ကို follow လုပ်သွားတဲ့လူတွေ၊ပိုနီ့ fic ကို reading list ထဲထည့်ပေးတာတွေ၊မန့်လေးတွေ၀င်ရေးတာမျိုးတွေ အဲ့လိုတွေ notiတက်တိုင်း မြင်မြင်ချင်းပဲ screenshot ရိုက်သိမ်းထားတတ်တယ်။ ပျော်ရွှင်မှုရဲ့အပိုင်းအစလေးတွေမလို့ အမှတ်တရလေးတွေအနေနဲ့ ထာ၀ရသိမ်းဆည်းသွားချင်လို့ပါ။
အဆုံးထိသာ ဖတ်ပေးမယ့်လူတစ်ယောက်လောက်ပဲရှိရင်တောင် 'ငါရေးတာကို အပြီးထိဖတ်မယ့်လူရှိတာပဲ' ဆိုပြီး ကျေနပ်၀မ်းသာတဲ့လူမျိုးပါ။ (ပိုနီ့ခန့်မှန်းခြေအရ ပျှမ်းမျှဆိုရင် တပိုင်းကို အယောက် 60 နီးပါးလောက်) အဲ့လိုမျိုးလာဖတ်ပေးကြတော့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့ပါပဲ။နောက်ပြီး Author တစ်ယောက်ရဲ့အရည်အချင်းစံနှုန်းတွေနဲ့ မကိုက်ညီသေးတဲ့လူမလို့ သာသာဆိုတာက ပိုနီနဲ့မထိုက်တန်သေးသလို ခံစားရလို့ ပိုနီလို့ပဲ ပေါ့ပေါ့ပါးပါးခေါ်ပါနော်🫶
13/8/2023 မှာ အပိုင်း (1) စတင်ခဲ့ပြီး 13/9/2023 မှာ အဆုံးသတ်သွားပါပြီ။ဒါက ပိုနီ ပထမဦးဆုံး အပြီးသတ်နိုင်ခဲ့တဲ့ အားထုတ်မှုလေးတစ်ခုပါ။တစ်လတိတိမှာပဲ ဇာတ်သိမ်းနိုင်ခဲ့ပြီးပါပြီ။ Extra လေးတွေလည်း ကြုံရင်ကြုံသလို ရေးပေးပါ့မယ်။နောက်ထပ်လည်း ရေးဖို့ ရှိပါသေးတယ်။ရေးဖြစ်ရင် ဒီမှာ ပရိုမိုးရှင်းလာဆင်းပါဦးမယ်နော်။🫰
ဖတ်ရှုပေးသူအားလုံးကို ပိုနီလေးက ကျေးဇူးတွေများကြီးတင်ပြီး များကြီးချစ်ပါတယ်။အစစအရာရာဂရုစိုက်ကြပါနော်။ရာသီဥတုမမှန်လို့ ကျန်းမာရေးဂရုစိုက်ကြပါ။🤍
ČTEŠ
Ex Rewind : From Breakup to Marriage { Completed }
Fanfikceငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ...?