ပြတင်းပေါက်မှန်သို့ ရိုက်ခတ်နေသော မိုးစက်များကို Seokjin ငေးကြည့်နေရင်း ရင်ထဲတွင်အမျိုးအမည်မသိ ဝေဒနာတစ်ခုဖြစ်လာသည်။ဆောင်း၀င်ခါနီးဖြစ်သော်လည်း အခုရက်ထဲမှာ မိုးက နေ့တိုင်းမပြတ် ရွာသွန်းနေ၏။
မိုးသံတွေက ဆွေးစရာတေးဂီတအသွင်ဆောင်နေသလို မိုးရွာနေချိန်ဆို အရာအားလုံးဟာ လွမ်းစရာဆွေးစရာတွေချည်းပဲဖြစ်နေ၏။အတိအကျပြောရလျင်ဖြင့် အနားမှာ မောင်မရှိနေသောကြောင့် Seokjin မှာ မြင်မြင်သမျှ ခံစားမိပြီး လွမ်းနေ၊ဆွေးနေရသည်။
ငယ်တော့တဲ့အရွယ်လည်း မဟုတ်သော်လည်း မောင်နဲ့ပတ်သတ်ရင် ဘယ်အရာဖြစ်ဖြစ် နှလုံးသားကထိလွယ်ရှလွယ်ဖြစ်နေတာတော့ သူလည်းမတတ်နိုင်။တတ်နိုင်အောင် ကြိုးစားမိမှာလည်းမဟုတ်။မောင့်အပေါ် ပျော်၀င်နေတဲ့စိတ်တွေကို သူ့မှာ သဘောကျပြီးရင်း,ကျနေရသည်ကိုး။
သို့သော် အခုတော့ တစ်ယောက်တစ်နေရာစီ။ကိုယ်စီမာနလေးတွေကြောင့် မောင်နဲ့စကားများပြီး အိမ်ပေါ်ကဆင်းလာကာ မောင့်မာမားတွေအိမ်မှာ လာနေခြင်းဖြစ်သည်။5နှစ်ကြာ အိမ်ထောင်သက်တမ်းမှာ အဖုအထစ်လေးတွေကတော့ ရှိကြမှာပဲ။ဒါကို မဖြောင့်ဖြူးရကောင်းလားဟု ရန်သွားရှာလို့မရ။ဖြစ်တတ်တဲ့ သဘာ၀ကို လက်ခံနိုင်ရမည်။နားလည်နိုင်ရမည်။ချစ်ခဲ့ကြတာလည်း နှစ်တွေနည်းတော့တာမှမဟုတ်ပဲ။
ဒီလိုလက်မခံနိုင်ကြပဲ 'ဒီလောက်ချစ်လာခဲ့ပြီးမှ၊အချစ်တွေဒီလောက်ကြီးမားနေကြရဲ့သားနဲ့ ဘာလို့ ပြဿနာကဖြစ်ရတာလဲ' ဆိုသည့် အတွေးလွန်ခြင်းတွေက မသိစိတ်တွေဆီ ခိုနားသက်ရောက်မိသည့်အခါ ချစ်တတ်လွန်းသူနှစ်ဦးသည် ကတောက်ကဆလေးများဖြစ်လာကြသည်။
အခုလည်း မောင်က တိုက်ခန်းမှာကျန်ခဲ့ပြီး Seokjin က ယောက္ခမတွေအိမ်ရောက်နေတာ နှစ်ရက်ကျော်ပြီဖြစ်သော်လည်း ဖုန်းလေးတချက်တောင်မခေါ်လာခဲ့။ငါ့အမှားမှ မဟုတ်တာ ဆိုတဲ့ မာနလေးတွေကလည်း ကပ်ငြိနေသည့်အခါ သူကိုယ်တိုင်လည်းပဲ မောင့်ကို အရင်စပြီးမဆက်သွယ်ခဲ့။မောင်မရှိတာနဲ့ တမှိုင်မှိုင်တတွေတွေဖြစ်နေတာမို့ Jungkook တို့မိသားစုလည်း သူ့အပေါ် စိတ်မကောင်းဖြစ်နေကြ၏။
VOCÊ ESTÁ LENDO
Ex Rewind : From Breakup to Marriage { Completed }
Fanficငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ...?