Part 12

925 83 9
                                    

break time ရောက်တိုင်း ကုမ္ပဏီရဲ့ ပထမဆုံးအထပ်က ထပ်ခိုးပြင်ပေါ်တက်ပြီး ကော်ဖီတစ်ခွက်နဲ့ ဘူဆန်တမြို့လုံးကို အပေါ်စီးကနေ ကြည့်ခြင်းက Jungkook ရဲ့ ‌နေ့တိုင်းနီးပါးလုပ်နေကျ အလုပ်တစ်ခုပင်။ဒီနေ့လည်း break time ရောက်တာနဲ့ နေ့လည်စာစားပြီး ကော်ဖီတခွက်ကိုင်ကာ ခေါင်မိုးပေါ်ရောက်လာခဲ့ပြန်ပါသည်။ဌာနက လူတွေနဲ့လည်း မေးထူးခေါ်ပြောလောက်ပဲ ရင်းနှီးကာ အရင်တုန်းကလိုမျိုး လူတွေနဲ့ ထဲထဲ၀င်၀င် မပတ်သတ်ဖြစ်တော့။

ဘ၀မှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း Jungkook ကိုယ့်ကိုကိုယ် အရင်ကထက်ပိုပြီး ရင့်ကျက်လာသည်ဟုထင်မိပါသည်။လူဆိုတာ ဘ၀တစ်ဆစ်ချိုးပြောင်းပြီး,လောကကြီးအကြောင်းနားလည်လာပြီး‌နောက် အတော်အသင့်ရင့်ကျက်လာကြတာ သဘာ၀ပဲလေ။ကိုယ့်ကိုကိုယ်ရင့်ကျက်တဲ့လူတယောက်ဖြစ်ချင်ရင် လောကကြီးထဲတိုး၀င်ပြီး လောကဓံတရားရဲ့ရိုက်ခတ်မှုတွေကြုံပြီး၊အဲ့တာတွေကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိကြဖို့ လိုအပ်တယ်မလား...။

ဘ၀ကို ရိုးရှင်းစွာ နေထိုင်လို့ရပေမယ့် ရိုးရှင်းတဲ့ဘ၀မှာ နေထိုင်ဖို့ကလည်း မလွယ်ကူကြပြန်။ပြဿနာတွေ၊ဒုက္ခတွေ၊စိတ်နာကျင်ရခြင်းတွေ၊များစွာသောစိတ်ပူပန်မှုတွေ၊စိတ်ညစ်စရာတွေဆိုတာ လူသားတစ်ဦးမှာ ရှိသင့်ရှိထိုက်တာတွေပဲမလို့ ဘယ်သူမဆို ဒါတွေထဲက တမျိုးမဟုတ်တမျိုးနဲ့ ကြုံကြရတာ သဘာ၀ပဲဖြစ်သည်။လောကဓံတရားရိုက်ခတ်တိုင်း မယိုင်လဲရအောင် ကျွန်တော်တို့အားလုံးဟာလည်း ပုထုဇဉ်လူသားတွေပဲမလို့ တကြိမ်တခါ၊ဒါမှမဟုတ် အကြိမ်ပေါင်းများစွာ ပြိုလဲကြပါသည်။

ဆင်ခြင်တုံတရားတွေ၊သုံးသပ်နိုင်စွမ်းတွေနဲ့ ရင့်ကျက်တဲ့လူတယောက်ဖြစ်လာရင်တော့ ကိုယ့်ကိုယ်ကို နစ်မွန်းစေနိုင်တဲ့ ဒုက္ခနွံတွေ၊မပတ်သတ်သင့်တဲ့ အရာတွေ၊အတိတ်ဆိုးတွေအိမ်မက်ဆိုးတွေကနေ အပြီးတိုင်ရုန်းထွက်လွတ်မြောက်ဖို့အတွက် သိပ်မခက်ခဲနိုင်တော့။Jungkook ကတော့ ရင့်ကျက်လာတာမှန်ပေမယ့် မသိစိတ်က စိတ်ဒဏ်ရာများထဲမှာ လှောင်ပိတ်မိ‌နေတုန်းဖြစ်သည်။အမုန်းတွေနဲ့ ရှင်သန်ရတာက လူကို တကယ်ပင်ပန်းစေပါသည်။

Ex Rewind : From Breakup to Marriage { Completed }Tempat cerita menjadi hidup. Temukan sekarang