ပြည်ဖုံးကားချလိုက်ပြီဖြစ်သော အတိတ်ဆိုးတွေကနေ ရုန်းထွက်လာပြီးနောက် ရှေ့ဆက်ရမယ့်နေ့ရက်တိုင်းဟာ ရွှေရောင်အတိဖုံးလွှမ်းနေ၏။
အိပ်ယာနိုးလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့ အမြတ်နိုးရဆုံးသော ဖြစ်တည်မှုလေးက ကိုယ့်ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို မြင်ရတာ ဘယ်လောက်တောင်မှ လှပလိုက်တဲ့ ကောင်းချီးလေးလဲ။တစ်နေ့တာလုံးကို ကိုကိုနဲ့ပဲအစပြုရင်း၊အဆုံးသတ်ရင်း နေထိုင်သွားချင်တာ Jungkookရဲ့ တစ်ခုတည်းသော လောဘလေးတစ်ခု။
နိုးတာနဲ့ သူ့ရင်ခွင်ထဲမှာ ကိုကိုရှိနေတာကို ကြည့်ပြီး အိမ်မက်များမဟုတ်ပါစေနဲ့ တဖွဖွဆုတောင်းနေမိသည်။ကိုကိုက Jungkook ကို အိမ်မက်တစ်ခုကဲ့သို့ ဖြစ်ရပ်ပေါင်းများစွာအား ခံစားစေပါသည်။ကိုကိုထားသွားတုန်းက အိမ်မက်တစ်ခုကဲ့သို့ မယုံနိုင်ဖြစ်ခဲ့ရသလို အခု ကိုကိုနဲ့ပြန်အဆင်ပြေတော့လည်း အိမ်မက်တစ်ခုကဲ့သို့ မယုံကြည်ရဲခြင်းပေါင်းများစွာနဲ့ ဇဝေဇဝါဖြစ်ရပြန်ပါသည်။
ရင်ခွင်ထဲကလူကို တစိမ့်စိမ့်ကြည့်နေတုန်းမှာပဲ လှုပ်လှုပ်ရွရွဖြစ်လာတာနဲ့ Jungkook အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ကိုကိုနိုးလာပြီး သူ့ကို စိုက်ကြည့်နေတယ်ဟု Jungkook ခံစားမိနေသည်။Jungkook အိပ်နေရင် အနမ်းခိုးပေးတတ်တဲ့ ကိုကို့ကြောင့် Jungkook မျက်လုံးကိုအတင်းမှိတ်ထားလိုက်ကာ ငြိမ်ငြိမ်လေးနေလိုက်သည်။
"အိပ်ချင်ယောင်ဆောင်မနေနဲ့...မောင်နိုးနေတာ ကိုကိုသိတယ်"
ကိုကိုပြောတာကြားရလည်း Jungkook မျက်လုံးတွေကို မဖွင့်ပေးပဲ အတင်းပေကပ်ပြီးအိပ်နေ၏။အိပ်ချင်ယောင်ဆောင်နေသူကို Seokjin ပါးဆွဲညှစ်ပေးလိုက်သည်။
"မျက်လုံးကို အဲ့လောက်ကြီးအတင်းမှိတ်ထားမှတော့ အိပ်ချင်ယောင်ဆောင်နေမှန်းသိပြီပေါ့ မောင်ရဲ့"
"ဟား... မောင့်ကိုကိုက တော်လိုက်တာဗျာ...ဘာယူမလဲ အာဘွားယူမလား"
"မောနင်းကစ်စ်လေးတော့ ပေးရမှာပေါ့"
"ပြွတ်စ် ပြွတ်စ်"
ESTÁS LEYENDO
Ex Rewind : From Breakup to Marriage { Completed }
Fanficငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ...?