Part 3

889 81 4
                                    

Jeon မိသားစုအိမ်လေးသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်မှာ တပတ်တိတိမျှ ကြာခဲ့ပြီပင်ဖြစ်သည်။အိမ်ရဲ့ဆည်းလည်းလေး လှုပ်ယိမ်းဖို့ လေပြေလေးမရှိတော့တာနဲ့ အိမ်သည် ရုတ်ချည်း တိတ်ဆိတ်သွားခဲ့၏။အငယ်ဆုံးလေးရဲ့ စိတ်မရွှင်လန်းသရွေ့ တမိသားစုလုံးလည်း ပျော်ရွှင်စရာဆိုတာမရှိ။အိမ်သားအားလုံး၏ ပျော်ရွှင်မှုသည် ကလေးလေးပေါ်မူတည်နေသကဲ့သို့ ကလေးလေး၏ပျော်ရွှင်မှုကလည်း အနားမှာ ကိုကိုရှိနေခြင်း/မရှိနေခြင်း အပေါ်မူတည်ခဲ့ပါသည်။

"သားလေး ဒီနေ့ ဘာစားချင်လဲ မာမားဘာလုပ်ရပေးမလဲ မာမားသားငယ်လေးစားချင်တာ အကုန်ပြောနော် မာမားလုပ်ကျွေးမယ်"

တစ်ပတ်လုံးလုံး အပေါ်ထပ်ကနေ အောက်ကို တခါမှ မဆင်းလာသူက ဒီနေ့ကျမှ အောက်ထပ်ရှိ ထမင်းစားပွဲတွင် လာထိုင်နေသဖြင့်  ဒေါ်ဟန်မီသည် သားငယ်လေးစားချင်တာ လုပ်ကျွေးဖို့ စိတ်အားထက်သန်စွာ မေးမိလိုက်သည်။

"ကို..ကို"

မေးတာက တခြားတခုဖြစ်ပါသော်လည်း ခြောက်ကပ်ဖြူဖျော့နေတဲ့ နှုတ်ခမ်းတစ်စုံက‌နေ အက်ရှရှ ပွင့်ထွက်လာသည့် အဖြေ စကားတခွန်းသည်ကား ကိုကို ပဲဖြစ်နေခဲ့ပါ၏။

"မာမား..ကိုကိုက ပြန်လာတော့မှာလားဟင်"

မျှော်လင့်ချက်လေးတွေ ရောင်ခြည်သမ်းနေတဲ့ မျက်၀န်းလဲ့လဲ့လေးတွေနဲ့ မော်ကြည့်ပြီး မေးလာသော သားဖြစ်သူကြောင့် ဒေါ်ဟန်မီမှာ ရင်ထဲဆစ်ခနဲ။သူမသားငယ်လေးက ဘာအပြစ်တွေများလုပ်မိလို့ ဒီလိုမျိုးတွေ ကြုံနေရတာလဲလို့ သားဖြစ်သူ၏ အခြေအနေကို မြင်မိချိန်တိုင်း ကံတရားကို အပြစ်တင်မိသည်။တနေ့တနေ့ ဘယ်သူနဲ့မှလည်းစကားမပြော,အခန်းပဲအောင်းနေကာ အားအင်မရှိသူလို,တခါတလေ အသိစိတ်ပျောက်နေတဲ့လူလို,ဒီလိုပုံစံမျိုးတွေနဲ့ သားလေးကိုမြင်ရတာ အရှင်လတ်လတ်ငရဲကျနေသလိုပင်။

"သားသားနဲ့ သားငယ်လေးက ဘာမှမဆိုင်တော့ကို သားငယ်လေး လက်ခံလိုက်ပါ..နော်..သူလည်း ကောင်းကောင်းမွန်မွန် ရှင်သန်နေမှာ ဖြစ်သလို သားငယ်လေးလည်း အရင်ကလို ‌ပြန်နေထိုင်ပေးပါ သားငယ်လေးရယ်"

Ex Rewind : From Breakup to Marriage { Completed }Onde histórias criam vida. Descubra agora