[Unicode]
" ရှိုင်းမင်းခ !! မင်းအခုဘယ်မှာလဲ ! "
ဖုန်းထဲမှထွက်ပေါ်လာသော အဖေဖြစ်သူရဲ့ ဒေါကြီးမောကြီးပြောသံကြောင့် ဖုန်းအားနား အနားကပင်ခွာလိုက်မိသည်။
" အွန်းးးး မသိဘူး.... ပြောရရင် ကမ္ဘာကြီးရဲ့ထောင့်တစ်နေရာရာနေမှာပေါ့ "
" အခုအိမ်ပြန်လာခဲ့ မဟုတ်ရင် မင်းဘာသာဘယ်ထောင့်ရောက်နေနေ ငါကိုယ်တိုင်မြေလှန်ရှာပြီး ပေါင်နှစ်ခြမ်းဆွဲဖြဲပစ်မယ် "
ဖခင်ဖြစ်သူရဲ့ ပြောစကားကြောင့် ရှိုင်းမင်းခ စိတ်လေသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ထို့နောက် ဖုန်းအား မိမိနှင့် လက်တစ်ကမ်းအကွာတွင်ထားကာ ..
" ဟယ်လို!.. ဟယ်လိုပါးပါး .. ပါးပါးဘာပြောတာလဲ သားဘာမှမကြားရတော့ဘူး ... ဟယ်လို ... တောက်စ် ဒီလိုင်းကတော့ကွာ ! "
ဟုပြော၍ဖုန်းချကာ ဖုန်းကဒ်အားတစ်ခါတည်းထုတ်၍ ချိုးပြီးလွှတ်ပစ်လိုက်သည်။ အဖေဖြစ်သူက ဆင်းကဒ်အားခြေရာခံ၍ လိုက်ရှာလျှင် သူ့အားတွေ့သွားနိုင်သည်လေ..
ရှိုင်းမင်းခ ဆင်းကဒ်မပါသော ဖုန်းအလွတ်အားဘောင်းဘီအိတ်ထဲထည့်၍ အရှေ့သို့လှမ်းကြည့်လိုက်သည်။
" ဒါ မင်းရွာလား "
ရှိုင်းမင်းခ သူ့ဘေးတွင်ပါလာသော အောင်ထိုက် အားမေးလိုက်သည်။ အောင်ထိုက်ကားအခြားသူမဟုတ် သူငယ်ချင်းဖြစ်သူ ဟန်ဆက်ပိုင်၏ ဘား(bar) ၌ အလုပ်လုပ်သောရွာကတက်လာသော ကောင်လေးဖြစ်သည်။
ရှိုင်းမင်းခ အဖေဖြစ်သူ၏လုပ်ငန်းများအားလွှဲပြောင်းမယူချင်သောကြောင့် ထွက်ပြေးပုန်းရှောင်စရာနေရာရှာရန် ဟန်ဆက်ပိုင်အားအကူညီတောင်းနေစဉ် အောင်ထိုက်လည်း အလုပ်ခွင့်ယူ၍ ရွာပြန်မည့်အကြောင်းနှင့် မိမိတို့ရွာက လူသိနည်းကြောင်းနှင့် သာယာကြောင်း ပြောကာ ရွာသို့လိုက်လည်လို့ရကြောင်းပြောလာတာကြောင့် လိုက်ခဲ့ခြင်းပင်..
အောင်ထိုက်က ခေါင်းတစ်ကုပ်ကုပ်ဖြင့်
" တောင်ခြေဘဲရှိပါသေးတယ် အကိုမင်းခ "
YOU ARE READING
" သတိ - ကြားလူမဝင်ရ " ( Complete)