part - 2 ( U + Z )

23.5K 1K 47
                                    

[Unicode]

" အကို အရီးနုရော "

အောင်ထိုက်က မြတ်ဘုန်းပျိုအားမေးလာတယ်။

" အဖေ နဲ့ ညီမလေးကို သွားရှာတယ် ခုနလေးကမှထွက်သွားတာ  "

" အော် ကျွန်တော်သူကြီးနဲ့ ခင်တေးချိုကို တောင်ခြေနားကထန်းတောမှာတွေ့ခဲ့တယ် "

" အရီးနုလည်း ထန်းတောကိုဘဲလိုက်သွားတာ "

အောင်ထိုက် နှင့်မြတ်ဘုန်းပျို စကားလက်ဆုံကျနေသည်ကို ကြည့်ရင်း မင်းခ တစ်ယောက်စိတ်အချဉ်ဖောက်လာတယ်။ ဘာလဲ သူ့ကိုအရေးမပါတဲ့လူလိုဆက်ဆံနေတာလား ။ အဆိုးဆုံးကတော့ မြတ်ဘုန်းပျိုက သူ့အားအကြည့်တစ်ချက်တောင်စွန့်ကျဲမလာခြင်းပေ

" အဟမ်း.. အဟမ်း..."

ရှိုင်းမင်းခ ချောင်းဟန့်သံပေးလိုက်တယ် ။ ထိုအခါမှ မြတ်ဘုန်းပျိုရဲ့အကြည့်က သူ့ဆီကိုရောက်လာတော့သည်။

" ‌အောင်ထိုက် ဧည့်သည်ကို အကိုနဲ့မိတ်ဆက်ပေးအုံးလေ "

မြတ်ဘုန်းပျိုကဆို၏ ။

ထိုအခါအောင်ထိုက်က ရှိုင်းမင်းခ ဘက်သို့ လက်ဖြင့် ညွှန်ပြကာ

" ‌ဟုတ်သားဘဲ မေ့နေလိုက်တာ အကိုမြတ်ဘုန်းပျို ဒါက အကို ရှိုင်းမင်းခ ကျွန့်တော် အလုပ်..လုပ် "

ခြေထောက်အားရုတ်တရက်တက်နင်းလာတဲ့ ရှိုင်းမင်းခကြောင့် အောင်ထိုက်တစ်ယောက်ပြောလက်စ စကားပင် ဆက်မပြောနိုင်...  ထိုအခါရှိုင်းမင်းခက အောင်ထိုက်၏စကားကို ဆက်ပြောသည်။

"  အောင်ထိုက်ရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းပါ တွေ့ရတာဝမ်းသာပါတယ် "

မြတ်ဘုန်းပျို သူ့ရှေ့က ကမ်းလာတဲ့လက်အား ပြန်ဆွဲ၍ နှုတ်ဆက်လိုက်သည်။

" ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က မြတ်ဘုန်းပျိုပါ  အောင်ထိုက်ရဲ့ အကိုလို့လဲပြောလို့ရပါတယ် "

ရှိုင်းမင်းခက နှုတ်ဆက်ပြီးသွားသော်လည်း အတော်ကြာတဲ့အထိ မြတ်ဘုန်းပျို လက်အားလွှတ်မပေးလာဘဲ  မြတ်ဘုန်းပျို၏ မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းစီကို အသေးစိတ်ကြည့်ကာ ပြုံးနေသည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now