[Unicode]
အိမ်ထဲသို့ဝင်ခွင့်ရသည်နှင့်တပြိုင်နက် ဟန်ဆက်ပိုင်ပထမဆုံးလုပ်သည့်အရာမှာ ရှေးရတု အားရှာခြင်းဖြစ်သည်။
" ရှေး..! "
ဟန်ဆက်ပိုင်၏ ကျယ်လောင်သည့်ခေါ်သံကြောင့် ရှေးရတုသည် မီးဖိုဆောင်ထဲမှ ထောပတ်သီးကိတ်အားကိုင်လျက်သားဖြင့်ထွက်လာသည်။ ပါးစပ်ထဲတွင်ထောပတ်သီးကိတ်ပလုတ်ပလောင်းဖြင့်ရှေးရတုသည် ဟန်ဆက်ပိုင်အားတွေ့သည့်အခါ အံဩ၍ မျက်လုံးအစုံပြူးကြောင်သွားခဲ့ရသည်။
" ပိုင် ဘယ်လိုလုပ် "
ဟန်ဆက်ပိုင်သည် ရှေးရတုအားတွေ့သည့်အခါ ထိခိုက်ဒဏ်ရာ ရှိမရှိခြေစခေါင်းဆုံးအရင် ကြည့်လိုက်သည်။ ထိခိုက်မှုတစ်စုံတစ်ရာ မရှိတာသေချာသည့်အခါမှ ရှေ့ရတုဆီ ခြေလှမ်းကျဲဖြင့် ခပ်မြန်မြန်လှမ်းကာ လက်အားဆွဲယူလိုက်သည်။
" စားနိုင်နေသေးတယ်နော် " စိုးရိမ်ဒေါသသံတစ်စွန်းတစ်စဖြင့် ဟန်ဆက်ပိုင်ပြောလာသည်။
ဟန်ဆက်ပိုင်ဘယ်လိုကနေဘယ်လို ဒီအိမ်ထိရောက်လာလဲ ရှေးရတုမသိပေ ။ သူ ဟန်ဆက်ပိုင်အား ဦးနိုင်နှင့်ထိပ်တိုက်တွေ့ရန်မလိုလား..
ရှေးရတုသည် ဟန်ဆက်ပိုင်လက်အား ပြန်ဆုတ်ကိုင်လိုက်ကာ
" ပိုင် ခနလေး.."
ဟန်ဆက်ပိုင် သည်ရှေးရတု၏တားမြစ်သည့်အသံကိုကြားသည့်အခါ ဒေါသတကြီးဖြင့်
" အကိုကိုယ်တိုင်က အလိုတူအလိုပါ လိုက်လာတယ်မပြောနဲ့နော်အဲ့လိုဆို ကျွန်တော် နှစ်ယောက်လုံးကိုသတ်ပစ်မှာ "
ထိုစကားကြောင့် ရှေးရတုသည် ဟန်ဆက်ပိုင်အား အံအားသင့်စွာကြည့်နေမိသည်။ ထိုအကြည့်များကို ဟန်ဆက်ပိုင်တွေ့သည့်အခါ ရုတ်ချည်းဆိုသလိုဒေါသထွက်သည့်အမှုအယာမှာ ပျောက်ကွယ်သွားကာ စိုးရိမ်သည့်အမှုအယာပေါ်လာခဲ့သည်။ ရှေးသူ့ကို ကြောက်များသွားပြီလား ၊သူ ရှေးအား အကြောက်တရားဖြင့် မချုပ်ကိုင်ချင်ပေ။
ဟန်ဆက်ပိုင်သည့် သူ့စကားအား ချက်ချင်းပြန်ပြင်ပြောလာသည်။
YOU ARE READING
" သတိ - ကြားလူမဝင်ရ " ( Complete)