part - 34 ( U + Z )

16.7K 665 45
                                    

[Unicode]

"အဲ့ကလေးကို မယူရဘူး "

ရှိုင်းမင်းခသည်စိုးရိမ်ဒေါသဖြင့် လေသံမာမာပြောလာခဲ့သည်။ အခန်းထဲ၌ ရှိသော လူလေးယောက်သည်လည်းသဘာဝနှင့်ဆန့်ကျင်နေသော သန္ဓေရှိနေမှုကြောင့် အံအားသင့်နေယုံရှိသေးတာကြောင့် ရှိုင်းမင်းခ၏ စကားအဓိပ္ပာယ်အား ပြည့်ပြည့်ဝဝ နားလည်နိုင်စွမ်းမရှိသေးပေ။ ဟန်ဆက်ပိုင်သည် ရှိုင်းမင်းခအား မျက်မှောင်ကျုံ့ကာ ကြည့်၍ ‌အေးစက်စက်လေသံဖြင့် ပြောလာသည်။

" မင်းရူးနေလား အဲ့တာ မင်းသွေးသားနော် "

" မလိုဘူး ! ငါ့ဘဝအတွက် အဲ့ကလေးကို မလိုအပ်ဘူး! "

ရှိုင်းမင်းခသည် ခေါင်းမာစွာနှင့်ပင် လက်မခံချေ ။ ဦးသန်းထိုက်သည် သူ့ရှေ့မှ အဖြစ်ပျက်များဟာလွန်စွာမြန်ဆန်လွန်းနေတာကြောင့် လက်ရှိအချိန်၌ စိတ်နှင့်လူနှင့်ကပ်အောင် မနည်းရုန်းကန်လိုက်ရသည်။

" မင်းမလိုအပ်ပေမယ့်ငါလိုအပ်တယ် ၊ မင်းမလိုချင်ရင်နေ ၊ ရတယ် ၊ ငါ့သမက်နဲ့ ငါ့မြေးကို အိမ်ခေါ်သွားပြီး ၊ အကောင်းတကာ့ အကောင်းဆုံးဆေးရုံမှာ မွေးခိုင်းမယ် "

ဦးသန်းထိုက်သည် ပကတိပြတ်သားစွာပြောလာခဲ့သည်။

ကိုယ်ဝန်ရှိနေတယ်? ကိုယ်ဝန်ရှိနေတယ်တဲ့လား ... မြတ်ဘုန်းပျိူသည် သူနားဖြင့် ဆက်ဆက်ကြားလိုက်ရသည့်စကားကြောင့် စိုးထိတ်အံဩမှုများအပြင် ပျော်ရွှင်မှုဆိုသည့် ခံစားချက်လေးဟာလည်း နှလုံးသားထဲသို့ အတင်းကာရော ဝင်ရောက်လာခဲ့သည်။သို့သော်ငြားလည်း ရှိုင်းမင်းခ၏ အကြင်နာကင်းမဲ့လှသည့်စကားကြောင့် အတွေးပေါင်းစုံ ခေါင်းထဲသို့ မပြတ်မလပ်ဝင်ရောက်ကာ စကားပြောရန်ပင်ခွန်အားရှိမနေတော့ချေ။

" ပါးပါး ! ပါးပါးအဲ့အသေးလေးကိုမွေးဖို့ကူညီရင် ပါးပါးနဲ့သား ၊ သားအဖဇာတ်လမ်းပြီးပြိနော် ! "

ယခုဖြစ်နေသော ရှိုင်းမင်းခ၏ အမှုအယာသည် ဒေါသဟူ၍လည်းပြောမရပေ ။ ထိူ့အတူ မုန်းတီးမှုနှင့်အတ္တလဲ ဟုတ်‌မနေချေ။ စိုးရိမ်စိတ်လွန်ကဲသွားသည့် အတွက် မှုလပင်ကိုယ်စရိုက်ဖြစ်သော ဒေါသကြီးမှုနှင့် ပေါင်းစပ်သွားသည့်အခါ သူ့ဘဝ၏ အရေးကြီးဆုံးအရာထပ် မည်သည့်အရာကိုမှ ဦးစားပေး စဉ်းစားနိုင်စွမ်းမ‌ရှိတော့ခြင်းပင် ဖြစ်သည်။ဦးသန်းထိုက်ဟာလည်း မြေးဇောကပ်ကာ အတ္တစိတ်ဆန်သော အပြုအမှုလေးပေါ်လာခဲ့သည်။

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now